iOS 11.3 နဲ့နောက်ပိုင်း Version ကိုတင်ထားတဲ့ iPhone 7 နဲ့ 7 Plus တွေမှာ Bug တစ်ခုရှိနေတယ်လို့ Apple ကတရားဝင်ကြေငြာလိုက်ပါပြီ။ အဲ့ဒီ Bug ကတော့ ဖုန်းပြောနေတုန်းမှာ Microphone ကို ပိတ်သွားစေတာပါ။ Microphone ကအလုပ်မလုပ်တော့ ဖုန်းပြောနေတုန်းမှာ အနှောက်အယှက်ဖြစ်စေပါတယ်။

အခုဖြစ်တဲ့ Bug ကတော့ iOS 11.3 နောက်ပိုင်းမှာ ပါလာတာဖြစ်ပြီး ဖုန်းတိုင်းမှာဖြစ်တာတော့ မဟုတ်ပါဘူး။ iPhone 7 နဲ့ 7 Plus တွေမှာပဲဖြစ်တာဆိုပေမယ့် iPhone 7 သုံးတဲ့သူတိုင်း အခုလို ပြဿနာကို မကြုံရဘူးလို့လည်း Apple ကဆိုပါတယ်။ အခုလိုဖြစ်တာကလည်း သာမန်ဖုန်းခေါ်တဲ့အချိန်တွေအပြင် FaceTime Video Call ပြောနေတဲ့အချိန်တွေမှာလည်း ဖြစ်လေ့ရှိတယ်လို့သိရပါတယ်။

Apple ကတော့ အခုပြဿနာတွေနဲ့ပတ်သက်လို့ ဖြေရှင်းနည်းတွေပေးထားပါတယ်။ Bluetooth Accessory တစ်ခုခုက iPhone နဲ့ချိတ်ထားတယ်ဆိုရင်လည်း Bluetooth ပြန်ဖြုတ်ကြည့်ပြီး စမ်းကြည့်ဖို့နဲ့ Speaker Dock စတာတွေအသုံြး့ပုဖြစ်ရင်လည်း ပြန်ဖြုတ်ပြီး ပြန်တပ်ပြီး စမ်းတာမျိုးတွေလုပ်ကြည့်ပေးဖို့ Bluetooth ကိုလည်း ပြန် Reset လုပ်ပေးဖို့ ညွန်ကြားထားပါတယ်။ အခုပြဿနာက iOS ကြောင့်ဖြစ်တာဆိုရင်တော့ Apple ကမကြာခင်မှာ Update ထပ်ထုတ်ပေးပါလိမ့်မယ်။

အခုလို ပြဿနာတွေဖြစ်တဲ့ User တွေရဲ့ iPhone တွေကို Apple အနေနဲ့ပြုပြင်ပေးဖို့ Apple Store တွေမှာ သွားရောက်ပြသနိုင်တယ်လို့ဆိုထားပါတယ်။ Apple ကပေးတဲ့ တစ်နှစ်အာမခံထဲ အကြုံးမဝင်တော့တဲ့ iPhone ဆိုရင်တောင် အခုလို ပြဿနာရှိခဲ့တယ်ဆိုရင် အမေးအမြန်းမရှိ Apple ကပြန်ပြုပြင်ပေးမယ်လို့ ကြေညာထားပါတယ်။ ပြုပြင်ဖို့အတွက်ကတော့ Apple က အခကြေးငွေတောင်းမလား အခမဲ့လုပ်ပေးမလားဆိုတာတော့ မသိရသေးပါဘူး။