Apple ကုမ္ပဏီက သူ့ ထုံးစံအတိုင်းသွားမယ်ဆိုရင်တော့ iPhone 7s နဲ့ iPhone 7s Plus ကို နောက်လအတွင်းမှာတောင် မိတ်ဆက်သွားဖို့ရှိပါတယ်။

ဒါပေမယ့် လူတွေတော်တော်များများက ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်လာနိုင်မယ့် iPhone 8 ကိုတော့ ပိုစိတ်ဝင်စားကြပါတယ်။

iPhone 7s ကတော့ iPhone 7 ကို Upgrade လုပ်ချင်သူတွေအတွက် သင့်တော်မှာဖြစ်ပြီး iPhone 8 လောက်တော့ စွမ်းဆောင်ရည်မကောင်းနိုင်ဘူးလို့ ယူဆနေကြပါတယ်။ အဲ့ဒီအပြင် ၁၀ နှစ်ပြည့်မှာ မိတ်ဆက်မယ့် iPhone 8 မှာ စမတ်ဖုန်း လောကကို လှုပ်ခါနိုင်မယ့် ဘယ်လို နည်းပညာ အသစ်အဆန်းတွေ ပါဝင်လာနိုင်မလဲဆိုတာ စမတ်ဖုန်း ရူးသွပ်သူတွေက စိတ်ဝင်စားနေကြပါတယ်။

ဒါကြောင့် iPhone 8 ကို စိတ်ဝင်စားမှု ပြင်းထန်နေတာကြောင့် iPhone 7s နဲ့ iPhone 7s Plus ထွက်ရှိဖို့နီးနေပြီဆိုတာတောင် သတိမထားမိကြပါဘူး။

အရွယ်အစား

အရင်ကလို LCD Display မဟုတ်တော့ဘဲ OLED Display အသုံးပြုဖို့ ရှိနေပါတယ်။

အရင်စမတ်ဖုန်းတွေထက် Resolution ပိုကောင်းအောင် ထုတ်လုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စမတ်ဖုန်းရဲ့ အရွယ်အစားကလည်း ၄.၇ လက်မကနေ ၅ လက်မ ဒါမှမဟုတ် ၅.၅ လက်မကို ပြောင်းလဲ ထုတ်လုပ်သွားဖို့ရှိပါတယ်။

3D Touch

3D Touch ကိုပိုပြီး အဆင့်မြှင့်တင်ဖို့ရှိပြီး Touch တွေကို ပိုပြီး တိကျကောင်းမွန်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အဲ့ဒီအပြင် True Tone နည်းပညာ ပါဝင်မှာဖြစ်ပြီး အဲ့ဒီ နည်းပညာက ဘေးပတ်ဝန်းကျင်က အလင်းရောင်အပေါ်မူတည်ပြီး စခရင်ရဲ့ အရောင်ကို ချိန်ပေးသွားမှာဖြစ်ပါတယ်။

ဒီဇိုင်း

iPhone 7 လို သတ္တု ကိုယ်ထည်နဲ့မဟုတ်တော့ဘဲ ဖန်သား Glass ကိုယ်ထည်နဲ့လုပ်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လက်ပွေရာ စစ်ဆေးတဲ့စနစ် Fingerprint Sensor ကိုလည်း စမတ်ဖုန်းရဲ့ နောက်ကျောမှာ ထားထားမှာဖြစ်ပါတယ်။

ကင်မရာ

iPhone 7s မှာတော့ Single ကင်မရာ Lens ပါဝင်ဘဲ ပါဝင်ဖို့များပါတယ်။ တခြား Samsung စမတ်ဖုန်းတွေလို Dual Camera Lens တွေတော့ မပါဝင်လောက်ပါဘူး။

Samsung စမတ်ဖုန်းတွေလို ကြိုးမဲ့ အားသွင်းစနစ် (Wireless Charging) လည်းပါဝင်ဖို့များပါတယ်။

OS

iPhone 7s မှာ မကြာသေးခင်က ထွက်ရှိထားတဲ့ iOS 11 ကိုလည်း အသုံးပြုထားမှာဖြစ်ပါတယ်။ iPhone 7 Plus မှာတော့ RAM က 3 GB နဲ့ ထုတ်လုပ်ခဲ့ဖူးတာကြောင့် iPhone 7s မှလည်း RAM  က 3GB ဒါမှမဟုတ် 4 GB နဲ့ ထုတ်လုပ်ဖို့ ရှိပါတယ်။

Features

iPhone 7s မှာ Samsung Galaxy S8 နဲ့ S8 Plus တို့မှာ ပါဝင်နေပြီးဖြစ်တဲ့ မျက်စိသူငယ်အိမ် ကို ဆင်ဆာဖတ်တဲ့ စနစ်နဲ့ မျက်နှာ ဆင်ဆာဖတ်တဲ့စနစ် တို့ ပါဝင်ဖို့များပါတယ်။

ဈေးနှုန်း

iPhone 7s ကို အမေရိကန်ဒေါ်လာ ၆၀၀ ကျော်နဲ့ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။