ပြီးခဲ့တဲ့ WWDC မှာ Apple ဟာ သူ့ရဲ့ ဖုန်းတွေ၊ တက်ဘလက်တွေ၊ နာရီတွေနဲ့ ကွန်ပျူတာတွေအတွက် အဓိက OS ဗားရှင်းသစ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအသုံးပြုနေတဲ့ Apple Device တွေထဲမှာ ဘာတွေက ဗားရှင်းအသစ်ကို Update လုပ်နိုင်မယ်ဆိုတာကိုလည်း သိလာရပြီဖြစ်ပါတယ်။

iOS 16 ဟာ Lock screen widgets ထပ်ရလာပါတယ်။ Notifications လည်း တိုးတက်လာပြီး Messages မှာလည်း လုပ်ဆောင်ချက်အသစ်တွေ ထပ်ထည့်ထားပါတယ်။ Apple Wallet ဟာ Digital ID တွေနဲ့ Pay တွေကို ကိုင်တွယ်ဖို့ ထောက်ပံ့လာပါတယ်။ Always On Display လည်း ရရှိလာတယ်ဆိုပေမဲ့ မျိုးဆက်သစ်ဖုန်းတွေမှ ရမှာပါ။

iOS 16 ဟာ iPhone 8/8 Plus နဲ့ iPhone X ၂၀၁၇ နဲ့ နောက်ပိုင်းမော်ဒယ်တွေကို ပံ့ပိုးပေးပါတယ်။ ဒါကြောင့် Version 15 iPhone 6s (2015), iPhone 7, original SE နဲ့ iPod touch (7th gen) တွေကို ထောက်ပံ့မှုမပေးတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

iPadOS 16 ဟာ M1 iPads တွေမှာ External Display တွေအတွက် ပြည့်ဝတဲ့ထောက်ပံ့မှုနဲ့ Multitasking အတွက် ပိုပြီးကောင်းမွန်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပြင် Mail နဲ့ Safari အတွက် ပူးပေါင်းလုပ်ဆောင်မှုအသစ်တွေပါရှိပြီး Weather Apps ဟာ အခြားတိုးတက်မှုတွေနဲ့အတူ Apple ရဲ့ တက်ဘလက်တွေပေါ်ကို ရောက်ရှိလာပါတယ်။

ဗားရှင်းသစ်ဟာ iPad Pro ဗားရှင်းအားလုံး၊ iPad Airs (တတိယမျိုးဆက်နဲ့နောက်ပိုင်း) vanilla iPad (5th gen နဲ့နောက်ပိုင်း), iPad mini (5th gen နဲ့နောက်ပိုင်း) အားလုံးကို ပံ့ပိုးပေးပါတယ်။

WatchOS 9 ကတော့ iOS 16 သုံးထားတဲ့ ဖုန်းတစ်လုံးလိုအပ်ပါတယ်။ ဒါကြောင့် နောက်ဆုံးထွက် Apple Watch ရှိရင် iPhone 8/X ဒါမှမဟုတ် သူတို့ထက်နောက်ကျတဲ့ အမျိုးအစားကို လိုအပ်ပါတယ်။ Watch တွေအနေနဲ့ကတော့ Apple Watch Series 4 နဲ့ နောက်ပိုင်းတွေတင်မက Watch SE ကိုပါ ထောက်ပံ့ပေးထားပါတယ်။ Series 3 အတွက် ပံ့ပိုးမှုတော့ ကျဆင်းသွားပါတယ်။

macOS Ventura ဟာ ၂၀၁၇ ခုနှစ်ထုတ် MacBook (Pro) နဲ့ iMac (Pro) မော်ဒယ်တွေကစတင်ပြီး Intel နဲ့ Apple စွမ်းအင်သုံး Desktop နဲ့ Laptop ကွန်ပျူတာတွေမှာ အလုပ်လုပ်တယ်လို့ သိရပါတယ်။

Ref: GSM Arena