ဓါတ်ပုံတွေကို တစ်နေရာထဲမှာ သိမ်းထားချင်တယ်၊ Facebook လိုမျိုး Social Media တွေမှာတင်ဖို့ကြတော့လည်း Quality ကျသွားမှာစိုးရိမ်တယ်ဆိုရင် Flickr လိုမျိုး ဓါတ်ပုံသီးသန့်တင်လို့ရတဲ့ Website တွေက အကောင်းဆုံးပါ။

ပုံမှန်အားဖြင့် Flickr Website ကိုဝင်ကြည့်လိုက်ရင် ဓါတ်ပုံတွေက အရမ်းကိုလှပနေတာကိုတွေ့ရမှာပါ။ ရုတ်တရက်ကြည့်လိုက်ရင် အဲ့ဒီဓါတ်ပုံတွေက DSLR ကင်မရာအကောင်းတွေနဲ့ရိုက်ထားတယ်လို့ ယူဆရပေမယ့် Flickr ကတော့ သူ့ Website မှာရှိတဲ့ ဓါတ်ပုံတဝက်ကျော်က Apple iPhone နဲ့ ရိုက်ကူးထားတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Flickr Website က အသေးစိတ်ထုတ်ပြန်ချက်မှာကတော့ Apple iPhone တွေနဲ့ ရိုက်ထားတဲ့ဓါတ်ပုံတွေက ၅၄ ရာခိုင်နှုန်းခန့်ရှိနေပြီးတော့ အခြား DSLR နဲ့ ရိုက်တာက ၃၃ ရာခိုင်နှုန်း၊ Point & Shoot Camera တွေနဲ့ ရိုက်တာက ၁၂ ရာခိုင်နှုန်းပဲရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကလည်း တင်တဲ့ဓါတ်ပုံတွေထဲမှာ ပေါ်ပြုလာအဖြစ်ဆုံးကင်မရာတွေရဲ့ ထိပ်ဆုံး ၃ နေရာလုံးကို iPhone 6, iPhone 6s နဲ့ iPhone 5S တို့ကရယူထားပြီး Canon ရဲ့ အကောင်းစား 5D Mark III DSLR ကင်မရာကတောင် နံပါတ် (၉) နေရာမှာပဲ ရှိနေတာဖြစ်ပါတယ်။

Apple iPhone တွေဟာ နှစ်တိုင်းလိုလို Flickr ရဲ့ ပေါ်ပြုလာအဖြစ်ဆုံး ကင်မရာအဖြစ်ရယူထားနေတာဖြစ်ပြီး ဒီနှစ်နဲ့ဆိုရင် ၃ နှစ်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ DSLR တွေကိုတောင်ကျော်ပြီး Flickr Website မှာ နာမည်ကြီးနေတာကတော့ ချီးကျူးစရာလို့ပဲပြောရမှာပါ။