Apple iPhone တွေဟာ ယခုနှစ်ပိုင်းမှာ ကြီးမားတဲ့ပြောင်းလဲမှုဆိုလို့ Apple iPhone X ပဲ ရှိခဲ့သေးတာဖြစ်ပါတယ်။ အဆိုပါ Apple iPhone X မှာ Apple က လက်ရှိ iPhone တွေမှာ အသုံးပြုနေတဲ့ ဒီဇိုင်းကနေ ခွဲထွက်ပြီး လုံးဝဘေးဘောင်မဲ့ Display နဲ့ စမတ်ဖုန်းဒီဇိုင်းသစ်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း Apple က ပိုပြီး ခွဲထွက်တာတွေကို ပြုလုပ်တော့မယ့်ပုံပါပဲ။

Source : GSMArena

အခုလက်ရှိ သိရတဲ့သတင်းတွေအရတော့ Apple ကနေ လာမယ့် ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာ Apple iPhone တွေကို Curved Display နဲ့ စတင်ထုတ်လုပ်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိ Samsung ဖုန်းတွေလိုမျိုးပဲ iPhone တွေလည်း ဖြစ်လာမှာပါ။

ဒါ့အပြင် iPhone က နောက်ထပ်တစ်ခုကိုလည်း ပြုလုပ်နေပြီးတော့ Screen Display ကို ထိစရာမလိုပဲ အသုံးပြုနိုင်မယ့် Touchless Gestures တွေကို iPhone တွေမှာ ထည့်သွင်းလာတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone တွေရဲ့ Display ကိုလည်း အထူးပြုလုပ်လာမှာဖြစ်ပါတယ်။

Source : Apple

Apple iPhone တွေရဲ့ သိသိသာသာပြောင်းလဲမှုတွေကို မကြာခင်တွေ့ရတော့မှာလား?