Apple iPhone X စမတ်ဖုန်းဟာ ပြီးခဲ့တဲ့နှစ်က စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်းအရ ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းချခဲ့တဲ့အတွက် Apple iPhone တွေထဲမှာရော လက်ရှိအခြားသော စမတ်ဖုန်းတွေထဲမှရော ဈေးနှုန်းအရ အမြင့်မားဆုံးဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ Apple အနေနဲ့ အခုလိုမျိုး ဈေးနှုန်းအများကြီးနဲ့ ရောင်းချခဲ့တဲ့အတွက် အပြောလည်း ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်မှာထွက်ရှိလာမယ့် iPhone တွေကတော့ ပြီးခဲ့တဲ့နှစ်တုန်းကလိုမျိုး ဒေါ်လာ ၁၀၀၀ ကနေ စတင်မှာမဟုတ်တော့ပဲ ယခင် iPhone X ထက် ပိုပြီးဈေးသက်သာတဲ့ ၈၉၉ ဒေါ်လာကနေပဲစတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Apple ဟာ ယခုနှစ်မှာ iPhone ၃ မျိုးကို ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ iPhone X ရဲ့ မျိုးဆက်အပြင် 6.5″ Display အသုံးပြုလာမယ့် iPhone X 2nd Gen Plus Model ၊ 6.1″ LCD Display ကိုပဲ အသုံးပြုလာမယ့် ဈေးအသက်သာဆုံး iPhone တွေပဲဖြစ်ပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရ အဆိုပါ LCD Display ကိုအသုံးပြုလာမယ့် iPhone အသစ်ဆိုရင် ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၇၀၀ အောက်ပဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဒီနှစ်မှာတော့ iPhone တွေက မနှစ်ကလောက်ဈေးကြီးတော့မှာမဟုတ်ပါဘူး။