Apple ကနေ လက်ရှိ iPhone တွေထဲမှာ အကောင်းဆုံးလို့ပြောရမယ့် iPhone X ကို အထူးသီးသန့် အရောင်အသစ်နဲ့ ထုတ်လုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်မှာ iPhone X ကို Silver နဲ့ Gray ၂ ရောင်ပဲ ရောင်းချနေတာဖြစ်ပြီးတော့ အခြားသော iPhone တွေနဲ့ ယှဉ်ရင် အရောင်ရွေးချယ်နိုင်မှုနည်းပါးတယ်လို့ ပြောလို့ရမှာပါ။

Apple ဟာ iPhone X ကို အရောင်သစ်အနေနဲ့ Blush Gold ဆိုပြီး ထုတ်သွားမှာဖြစ်ပြီး လက်ရှိ Rose Gold Color နဲ့ တူညီတယ်ဆိုပေမယ့် ပန်းရောင်ပါဝင်မှုအနည်းငယ်လျော့သွားမှာပဲဖြစ်ပါတယ်။

Apple ရဲ့ အခု ထုတ်လုပ်သွားမယ့် Blush Gold iPhone X ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iPhone 7 နဲ့ 7 Plus တွေကို Red Limited Edition နဲ့ ထုတ်ခဲ့သလိုမျိုးပဲ အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ၂၀၁၈ ခုနှစ်အတွက် Flagship ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S9 ၊ Huawei P20 နဲ့ အခြားသော စမတ်ဖုန်းတွေအများအပြားထွက်ရှိလာတဲ့အချိန်မှာ iPhone အသစ်မဟုတ်ပဲ iPhone X ကိုပဲ သီးခြားအရောင်သစ်နဲ့ ရောင်းချဖို့ ကြိုးစားနေတာက အောင်မြင်နိုင်ပါ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။