Apple ရဲ့ iPhone X စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ အလုံခြုံဆုံးသော 3D Face Unlock စနစ်ကို အသုံးပြုနိုင်တာဖြစ်ပေမယ့် မျက်နှာကို တစ်ခုထက်ပိုပြီးတော့ Unlock ပြုလုပ်လို့မရခဲ့ပါဘူး။

ဒါပေမယ့် အဲ့ဒါက Apple ကနေ နောက်ဆုံးထွက်ရှိလာမယ့် iOS 12 မှာတော့ ပြောင်းလဲသွားတော့မယ့်ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လာမယ့် iOS 12 မှာ iPhone X ရဲ့ Face ID Setting မှာ “Set Up an Alternative Appearance” ဆိုပြီး နောက်ထပ် မျက်နှာတစ်ခုကို ထည့်သွင်းနိုင်တဲ့ Feature ပါဝင်လာမှာဖြစ်လို့ပါ။

နောက်ထပ်ဖြစ်နိုင်တာတစ်ခုကတော့ Apple ဟာ လာမယ့် iPad အသစ်တွေမှာလည်း Face ID စနစ်ကို ထည့်သွင်းချင်တဲ့အတွက် ကလေးငယ်ရှိတဲ့ မိဘတွေအတွက် အခုလိုမျိုး မျက်နှာ ၂ ခုနဲ့ Unlock ပြုလုပ်နိုင်အောင် ဆောင်ရွက်ထားတာဖြစ်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone X ကိုင်ထားတယ်ဆိုရင် iOS 12 မှာ ကိုယ့် ချစ်သူ၊ သူငယ်ချင်းရဲ့ မျက်နှာကိုလည်း Face ID အဖြစ်ထည့်သွင်းထားနိုင်ပါပြီ။