Apple iPhone X ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော iPhone တစ်ခုဖြစ်ပေမယ့် ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀၀ အထက်ကနေ စတင်တဲ့အတွက် လူအတော်များများအတွက် ဝယ်ယူနိုင်တဲ့ဈေးနှုန်းမဟုတ်ခဲ့ပါဘူး။

အဲ့ဒီအတွက် iPhone X ကိုလည်း ကိုင်ချင်တယ်၊ ဈေးအရလည်း မတတ်နိုင်ဘူးဆိုရင် Leagoo S9 ဖုန်းကို စဉ်းစားတာက အဆင်ပြေမှာပါ။ ဘာဖြစ်လို့လည်းဆိုရင် Leagoo S9 ဟာ Apple iPhone X ကို အစအဆုံး ဒီဇိုင်းကူးယူပြီး ထုတ်လုပ်ထားတဲ့ဖုန်းဖြစ်နေလို့ပါ။

Leagoo S9 ဖုန်းမှာ Apple iPhone X လိုပဲ Edge to Edge Screen, iOS Status bar, iPhone X နဲ့ ပုံစံတူပြုလုပ်ထားတဲ့ နောက်ကျောကင်မရာတွေပါဝင်ပြီး တစ်ခုထူးခြားသွားတာက Face ID ကို Copy မကူးနိုင်တဲ့အတွက် ဖုန်းရဲ့ နောက်ကျောဘက်မှာ Fingerprint Scanner ကို တပ်ဆင်ထားတာပါ။

အခု Leagoo S9 စမတ်ဖုန်းဟာ MediaTek ရဲ့ Helio P40 Processor ကို အသုံးပြုသွားမှာဖြစ်ပြီးတော့ RAM 6GB နဲ့ Storage 128GB ပါဝင်မှာဖြစ်တဲ့အတွက် အတွင်းပိုင်း Specifications တွေကတော့ မဆိုးဘူးပဲပြောရမှာပါ။