Apple ရဲ့ နောက်ဆုံးထွက်ဖုန်းတစ်ခုဖြစ်သလို အကောင်းဆုံးလည်း ဖြစ်တဲ့ ၉၉၉ ဒေါ်လာတန် iPhone X ဟာ ကြည့်လိုက်ရင် Apple iPhone လို့တောင် မထင်ရပဲ ဘေးဘောင်တွေမပါဝင်တော့ပဲ အလွန်လှပနေမှာပါ။

ဒါပေမယ့်လည်း ဘေးဘောင်တွေမပါဝင်ပေမယ့် Front Selfie Camera, Earpiece နဲ့ Face ID အတွက်နေရာပေးလိုက်ရတဲ့ Display အပေါ်ဘက်မှာ Notch တစ်ခုတော့ပါဝင်နေမှာဖြစ်ပါတယ်။ အဲ့ဒီ Notch ကလည်း Display ရဲ့ အပေါ်ဘက်အပြည့်နေရာယူနေတာမဟုတ်ပဲ အလယ်နားမှာပဲ ရှိနေတာဖြစ်တဲ့အတွက် ဖုန်းကို အသုံးပြုတဲ့အချိန်မှာ ရုပ်တော်တော်ဆိုးတယ်လို့ ပြောလို့ရပါတယ်။

iPhone X ရဲ့ အဆိုပါ Notch ကို အင်တာနက်မှာလည်း လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ပြီး ပြိုင်ဘက် Samsung ကုမ္ပဏီကလည်းသူရဲ့ ကြော်ငြာမှာ လှောင်ပြောင်ခဲ့ပါသေးတယ်။

အဲ့ဒီလိုမျိုး iPhone X ကိုင်နေပေမယ့် ရုပ်ဆိုးတဲ့ Notch ကို ဖုံးကွယ်ထားဖို့ App Store မှာ Notch Remover ဆိုတဲ့ Application တစ်ခုပေါ်ထွက်လာပြီပဲဖြစ်ပါတယ်။ အဆိုပါ Application က iPhone X ရဲ့ Display အပေါ်ဘက်က Notch ရဲ့ ဘေးတစ်ဖက်တစ်ချက်ကို အမည်းရောင်ပြောင်းလဲလိုက်မှာဖြစ်ပြီး ယခင်ကနဲ့ယှဉ်ရင် ရုပ်မဆိုးအောင်ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။

အခုဒီ Function တစ်ခုပဲ လုပ်ဆောင်တာဖြစ်ပေမယ့် အဆိုပါ Notch Remover App က Free Download ပြုလုပ်၍မရပဲ 0.99$ ပေးပြီး ဝယ်ယူအသုံးပြုရဦးမှာပါ။