Apple ကနေ iPhone X ကို ထုတ်ထားတာအခုဆိုရင် အချိန်တော်တော်လေးကို ကြာသွားပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple ကနေ iPhone X ကို အခြားသော အရောင်တွေနဲ့ ထပ်မံထုတ်လုပ်မယ်လို့တောင် သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Apple ကနေ iPhone 7 နဲ့ iPhone 7 Plus ဖုန်းတွေကို Product RED ဆိုပြီး အနီရောင်တွေထုတ်လုပ်ခဲ့သလိုပဲ အခုအချိန်မှာလည်း Apple iPhone X ကိုလည်း RED Edition ဆိုပြီး အနီရောင်နဲ့ ထုတ်လာမှာဖြစ်ပါတယ်။

Apple ရဲ့ Product RED Edition တွေဟာ HIV ၊ AIDS တိုက်ဖျက်ရေး ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ RED Foundation ကို ထောက်ပံ့ဖို့အတွက် ထုတ်လုပ်ထားတဲ့ Product တေလည်း ဖြစ်ပါတယ်။

Apple iPhone X ကို အနီရောင်နဲ့ဆိုရင်လည်း ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီ Render Video မှာ ကြည့်လိုက်ရအောင်လား?