Zawgyi

Apple ဟာ iPhone X စီးရီးေတြရဲ႕ Display Specs ေတြကို လိမ္ညာခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ေသာၾကာေန႔က တရားစြဲဆိုခံခဲ့ရတာ ျဖစ္ပါတယ္။ တရားလို ၂ဦးက အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ပိုင္းခ႐ိုင္ တရား႐ုံးမွာ တိုင္ၾကားခဲ့တာ ျဖစ္ၿပီး အေၾကာင္းအရင္းကေတာ့ iPhone X, iPhone XS နဲ႔ iPhone XS Max ေတြရဲ႕ Screen Sizes နဲ႔ Pixel Counts ေတြကို မွားယြင္းစြာ ေၾကာ္ျငာခဲ့လို႔ ျဖစ္ပါတယ္။

တရားလို ၂ဦးက စြဲခ်က္တင္ထားေပမယ့္ တရားခံ Apple ဘက္ကေတာ့ အခုခ်ိန္ထိ ျပန္လည္တုန္႔ျပန္ ေျဖၾကားျခင္း မရွိေသးပါဘူး။ Apple ဟာ iPhone X စီးရီးေတြရဲ႕ Screen Size ကို Display ဧရိယာ မဟုတ္တဲ့ Notch နဲ႔ ေဘာင္ေတြကိုပါ ေပါင္းတြက္ၿပီး ေဖာ္ျပခဲ့လို႔ အခုလိုမ်ိဴး တရားစြဲခံရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဆိုပါ iPhone ေတြဟာ ေစ်းကြက္ထဲမွာ ေၾကာ္ျငာထားတဲ့အတိုင္း Screen Size အမွန္ေတြ မဟုတ္ပါဘူး ဆိုၿပီး တိုင္ၾကားခံခဲ့ရတာပါ။

ဥပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ iPhone X ရဲ႕ Screen Size ကို ၅.၈ လက္မဆိုၿပီး Apple က ေဖာ္ျပထားပါတယ္။ တရားလိုေတြ တိုင္ၾကားခ်က္အရဆိုရင္ေတာ့ အဆိုပါ iPhone X ရဲ႕ Screen Size ဟာ ၅.၈ လက္မ အထိမရွိဘဲ ၅.၆၈၇၅ လက္မသာ ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ iPhone X စီးရီးေတြရဲ႕ Screen Resolution ဟာ ေစ်းကြက္ထဲမွာ ေၾကာ္ျငာထားတဲ့ Screen Resolution ေလာက္ မရွိေၾကာင္း၊ iPhone X ထက္ iPhone 8 Plus ရဲ႕ Display Quality က ပိုေကာင္းေၾကာင္းကိုလည္း စြဲခ်က္ေတြမွာ ေဖာ္ျပထားပါေသးတယ္။

Ref : cnet

Unicode

iPhone X စီးရီးတွေရဲ့ Display Size နဲ့ Display Resolution တွေကို လိမ်ညာခဲ့တာကြောင့် တရားစွဲခံရတဲ့ Apple

Apple ဟာ iPhone X စီးရီးတွေရဲ့ Display Specs တွေကို လိမ်ညာခဲ့တာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ တရားလို ၂ဦးက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပြီး အကြောင်းအရင်းကတော့ iPhone X, iPhone XS နဲ့ iPhone XS Max တွေရဲ့ Screen Sizes နဲ့ Pixel Counts တွေကို မှားယွင်းစွာ ကြော်ငြာခဲ့လို့ ဖြစ်ပါတယ်။

တရားလို ၂ဦးက စွဲချက်တင်ထားပေမယ့် တရားခံ Apple ဘက်ကတော့ အခုချိန်ထိ ပြန်လည်တုန့်ပြန် ဖြေကြားခြင်း မရှိသေးပါဘူး။ Apple ဟာ iPhone X စီးရီးတွေရဲ့ Screen Size ကို Display ဧရိယာ မဟုတ်တဲ့ Notch နဲ့ ဘောင်တွေကိုပါ ပေါင်းတွက်ပြီး ဖော်ပြခဲ့လို့ အခုလိုမျိူး တရားစွဲခံရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါ iPhone တွေဟာ စျေးကွက်ထဲမှာ ကြော်ငြာထားတဲ့အတိုင်း Screen Size အမှန်တွေ မဟုတ်ပါဘူး ဆိုပြီး တိုင်ကြားခံခဲ့ရတာပါ။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် iPhone X ရဲ့ Screen Size ကို ၅.၈ လက်မဆိုပြီး Apple က ဖော်ပြထားပါတယ်။ တရားလိုတွေ တိုင်ကြားချက်အရဆိုရင်တော့ အဆိုပါ iPhone X ရဲ့ Screen Size ဟာ ၅.၈ လက်မ အထိမရှိဘဲ ၅.၆၈၇၅ လက်မသာ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် iPhone X စီးရီးတွေရဲ့ Screen Resolution ဟာ စျေးကွက်ထဲမှာ ကြော်ငြာထားတဲ့ Screen Resolution လောက် မရှိကြောင်း၊ iPhone X ထက် iPhone 8 Plus ရဲ့ Display Quality က ပိုကောင်းကြောင်းကိုလည်း စွဲချက်တွေမှာ ဖော်ပြထားပါသေးတယ်။

Ref : cnet