အနောက်ပိုင်းအေးခဲတဲ့ဒေသတွေမှာ Apple ရဲ့ ၉၉၉ ဒေါ်လာတန် နောက်ဆုံးထွက် iPhone X အသုံးပြုသူတွေက အခုအချိန်မှာ ပြဿနာတစ်ခုတက်နေပါပြီ။ အဲ့ဒါကတော့ Apple iPhone X ကို အပြင်ယူသွားလိုက်တာနဲ့ Display က Touch အလုပ်မလုပ်တော့ပဲ အေးခဲသွားတယ်လို့ Complain တက်နေကြတာဖြစ်ပါတယ်။

အဲ့ဒီလိုမျိုးဖြစ်ပွားတာက တစ်ယောက်၊ နှစ်ယောက်မကတော့ပဲ Rediit Forum မှာလည်း အလားတူဖြစ်ရပ်တွေဖြစ်ပွားနေတယ်လို့ ပြောဆိုထားကြတာဖြစ်ပါတယ်။ Apple ကတော့ iPhone တွေဟာ ၀ ကနေ ၃၅ ဒီဂရီ ဆယ်ဆီးရပ်စ် အတွင်းမှာဆိုရင် အလုပ်လုပ်မှာဖြစ်တယ်လို့ ပြောကြားထားပေမယ့် အခုအအေးနှုန်းက ၀ ဒီဂရီအထိ မကျဆင်းဘူးလို့ သိရပါတယ်။

Apple ကတော့ ဒါက အပူချိန်အပြောင်းအလဲဖြစ်သွားတဲ့အချိန်မှာဖြစ်ပွားတာလို့ ပြောကြားထားပြီး Software Update ကနေ တစ်ဆင့် Fix လုပ်ပေးနိုင်အောင်ကြိုးစားနေတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခင် iPhone တွေနဲ့ လက်ရှိ iPhone 8 တွေမှာတောင် အခုလိုမျိုး ဖြစ်ပွားတာမကြုံဖူးပဲ အခု iPhone X ကြမှ ပြဿနာတက်နေတာက iPhone X မှာ ပထမဆုံးအနေနဲ့ OLED Display ကိုပြောင်းသုံးလာတာကြောင့် ဖြစ်ဖို့များနေပါတယ်။