Zawgyi
မျိုးဆက်သစ် iPhone တွေနဲ့ ပတ်သတ်ပြီး 9TO5Mac ရဲ့ အဆိုများအရ ၅.၈ လက်မနဲ့ ၆.၅လက်မ အရွယ်အစားရှိ iPhone အသစ်တွေကို iPhone XS အဖြစ် ကင်ပွန်းတပ်နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ iPhone XS မော်ဒယ် ၂မျိုးစလုံးရဲ့ Display အပိုင်းအတွက် OLED Display တွေကို အသုံးပြုထားမှာ ဖြစ်ပြီး ရွှေရောင် ဒီဇိုင်းအသစ် မော်ဒယ်တွေလည်း ပါဝင်လာနိုင်ပါတယ်။
စက်တင်ဘာလ ၁၂ရက်နေ့မှာ ကျင်းပသွားမယ့် Apple ရဲ့ ထုတ်ကုန်အသစ် မိတ်ဆက်ပွဲ အခမ်းအနားမှာ မျိုးဆက်သစ် iPhone တွေအပြင် Apple Watch Series 4 ကိုလည်း မိတ်ဆက်သွားနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါတယ်။ မျိုးဆက်သစ် iPhone တွေနဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ ဈေးနှုန်းတွေကတော့ ထွက်ပေါ်ပေါက်ကြားလာခြင်း မရှိသေးပါဘူး။
Ref:9t05Mac
Unicode
iPone XS မှာ ရွှေရောင် ဒီဇိုင်းအသစ် ပါဝင်လာမယ်ဆိုတာ သေချာသွားပြီ
Apple အနေနဲ့ မျိူးဆက်သစ် iPhone တွေရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့အတွက် သက်ဆိုင်သူများထံသို့ ဖိတ်စာတွေ လိုက်ဝေနေပြီ ဖြစ်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို လာမယ့် စက်တင်ဘာလ ၁၂ရက်နေ့ မနက်ပိုင်း ၁၀နာရီမှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကျင်းပမယ့် ဌာနေကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Cupertino မြို့ရှိ Steve Jobs Theater မှာ ဖြစ်ပါတယ်။
မျိူးဆက်သစ် iPhone တွေနဲ့ ပတ်သတ်ပြီး 9TO5Mac ရဲ့ အဆိုများအရ ၅.၈ လက်မနဲ့ ၆.၅လက်မ အရွယ်အစားရှိ iPhone အသစ်တွေကို iPhone XS အဖြစ် ကင်ပွန်းတပ်နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ iPhone XS မော်ဒယ် ၂မျိူးစလုံးရဲ့ Display အပိုင်းအတွက် OLED Display တွေကို အသုံးပြုထားမှာ ဖြစ်ပြီး ရွှေရောင် ဒီဇိုင်းအသစ် မော်ဒယ်တွေလည်း ပါဝင်လာနိုင်ပါတယ်။
စက်တင်ဘာလ ၁၂ရက်နေ့မှာ ကျင်းပသွားမယ့် Apple ရဲ့ ထုတ်ကုန်အသစ် မိတ်ဆက်ပွဲ အခမ်းအနားမှာ မျိူးဆက်သစ် iPhone တွေအပြင် Apple Watch Series 4 ကိုလည်း မိတ်ဆက်သွားနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါတယ်။ မျိူးဆက်သစ် iPhone တွေနဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ စျေးနှုန်းတွေကတော့ ထွက်ပေါ်ပေါက်ကြားလာခြင်း မရှိသေးပါဘူး။
Ref:9t05Mac