[Zawgyi]

Apple ဟာ iPhone XS နဲ႔ XS Max ေတြနဲ႔ အေတာ္ေလးကို တူညီမယ့္ မ်ိဳးဆက္သစ္ iPhone ကို ဆက္ထုတ္ဖို႔ စီစဥ္ေနတယ္လို႔ ေကာလာဟလသတင္းတစ္ခု ထြက္ေပၚလာပါတယ္။ ဒီအတိုင္းဆိုရင္ေတာ့ မ်က္ႏွာျပင္ႀကီးႀကီးမွာ Notch ႀကီးႀကီးနဲ႔ ျဖစ္မယ္လို႔ ေတြးမိၾကမွာအမွန္ပါပဲ။

မ်ိဳးဆက္သစ္ iPhone ရဲ႕ ေက်ာဘက္ကင္မရာကေတာ့ သုံးလုံးျဖစ္မယ္လို႔ ဆိုပါတယ္။ ကင္မရာသုံးလုံးထဲက တတိယကင္မရာက Wide-angle ကင္မရာျဖစ္မယ္လို႔လည္း ဆိုပါတယ္။ က်န္ႏွစ္လုံးမွာေတာ့ တစ္လုံးက ပုံမွန္ျဖစ္ၿပီး က်န္တစ္လုံးက Zoom range ကို ျမင့္ျမင့္မားမားဆြဲယူႏိုင္မယ့္ Telephoto lens ျဖစ္မယ္လို႔ ၾကားသိရပါတယ္။

Apple ဟာ ဒီႏွစ္ထဲမွာထုတ္မယ့္ မ်ိဳးဆက္သစ္ iPhone ေတြအတြက္ USB-C port ထည့္သြင္းဖို႔ စမ္းသပ္ေနတယ္လို႔ သတင္းၾကားထားပါတယ္။ ဒီေတာ့ အခုေကာလာဟလထြက္လာတဲ့ မ်ိဳးဆက္သစ္ iPhone ကလည္း USB-C နဲ႔မ်ား ျဖစ္လာမလားလို႔ ေတြးခ်င္စရာပါ။ ဒါေပမယ့္ USB-C ေတြကို iPhone ေတြမွာ တပ္ဆင္ထားဖို႔ဆိုတာ ဒီ ၂၀၁၉ ထဲမွာ အမွန္တကယ္ ျဖစ္ေျမာက္လာဖို႔ မလြယ္ကူပါဘူး။

၂၀၁၉ iPhone ေတြအေနနဲ႔ SoC အသစ္နဲ႔ ထြက္လာဖို႔ကေတာ့ ေသခ်ာသ ေလာက္ပါပဲ။ ၿပီးေတာ့ Face ID sensor ကိုလည္း အဆင့္ျမႇင့္တင္ထားမွာပါ။ 5G iPhone က ၂၀၂၀ မွ ရမွာမို႔ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔ဆိုတာကလည္း ရာႏႈန္းျပည့္နီးပါး မျဖစ္ႏိုင္ဘူးလို႔ပဲ ဆိုရမွာပါ။ ဒီေတာ့ ၂၀၁၉ မွာထြက္လာမယ့္ iPhone က iPhone XS, XS Max နဲ႔ XR ေတြကိုပဲ နည္းနည္းပိုၿပီး အဆင့္ျမႇင့္တင္ထားတဲ့ ဖုန္းေတြျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားရမွာပါ။

Ref: GSMArena

[Unicode]

၂၀၁၉ iPhone တွေဟာ လုံးဝအသစ်ဖြစ်သွားမှာမဟုတ်ဘဲ XS Max နဲ့သိပ်ကွာမှာမဟုတ်ဘူးလို့ သတင်းထွက်ပေါ်

Apple ဟာ iPhone XS နဲ့ XS Max တွေနဲ့ အတော်လေးကို တူညီမယ့် မျိုးဆက်သစ် iPhone ကို ဆက်ထုတ်ဖို့ စီစဉ်နေတယ်လို့ ကောလာဟလသတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီအတိုင်းဆိုရင်တော့ မျက်နှာပြင်ကြီးကြီးမှာ Notch ကြီးကြီးနဲ့ ဖြစ်မယ်လို့ တွေးမိကြမှာအမှန်ပါပဲ။

မျိုးဆက်သစ် iPhone ရဲ့ ကျောဘက်ကင်မရာကတော့ သုံးလုံးဖြစ်မယ်လို့ ဆိုပါတယ်။ ကင်မရာသုံးလုံးထဲက တတိယကင်မရာက Wide-angle ကင်မရာဖြစ်မယ်လို့လည်း ဆိုပါတယ်။ ကျန်နှစ်လုံးမှာတော့ တစ်လုံးက ပုံမှန်ဖြစ်ပြီး ကျန်တစ်လုံးက Zoom range ကို မြင့်မြင့်မားမားဆွဲယူနိုင်မယ့် Telephoto lens ဖြစ်မယ်လို့ ကြားသိရပါတယ်။

Apple ဟာ ဒီနှစ်ထဲမှာထုတ်မယ့် မျိုးဆက်သစ် iPhone တွေအတွက် USB-C port ထည့်သွင်းဖို့ စမ်းသပ်နေတယ်လို့ သတင်းကြားထားပါတယ်။ ဒီတော့ အခုကောလာဟလထွက်လာတဲ့ မျိုးဆက်သစ် iPhone ကလည်း USB-C နဲ့များ ဖြစ်လာမလားလို့ တွေးချင်စရာပါ။ ဒါပေမယ့် USB-C တွေကို iPhone တွေမှာ တပ်ဆင်ထားဖို့ဆိုတာ ဒီ ၂၀၁၉ ထဲမှာ အမှန်တကယ် ဖြစ်မြောက်လာဖို့ မလွယ်ကူပါဘူး။

၂၀၁၉ iPhone တွေအနေနဲ့ SoC အသစ်နဲ့ ထွက်လာဖို့ကတော့ သေချာသ လောက်ပါပဲ။ ပြီးတော့ Face ID sensor ကိုလည်း အဆင့်မြှင့်တင်ထားမှာပါ။ 5G iPhone က ၂၀၂၀ မှ ရမှာမို့ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်ဖို့ဆိုတာကလည်း ရာနှုန်းပြည့်နီးပါး မဖြစ်နိုင်ဘူးလို့ပဲ ဆိုရမှာပါ။ ဒီတော့ ၂၀၁၉ မှာထွက်လာမယ့် iPhone က iPhone XS, XS Max နဲ့ XR တွေကိုပဲ နည်းနည်းပိုပြီး အဆင့်မြှင့်တင်ထားတဲ့ ဖုန်းတွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားရမှာပါ။

Ref: GSMArena