[Zawgyi]
တစ်ဖက်မှာလည်း The Wall Street Journal က iPhone 11 တွေမှာ Triple Camera Seutup တပ်ဆင်ထားမှာဖြစ်ကြောင်း ထုတ်ဖော်ရေးသားထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် iPhone 11 မော်ဒယ်အမြင့် ၂မျိုးမှာ OLED Display တွေကို အသုံးပြုထားနိုင်ပြီး iPhone XR ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းမှာတော့ LCD Display နဲ့အတူ Dual Camera Setup ကိုသာ တပ်ဆင်ထားနိုင်ကြောင်းကိုလည်း ရေးသားထားပါသေးတယ်။
မည်သို့ပင် ဆိုစေကာမူ Apple အနေနဲ့ မျိုးဆက်သစ် iPhone တွေကို စက်တင်ဘာလရောက်မှ မိတ်ဆက်လေ့ရှိတာကြောင့် ယခုထက်ပိုပြီး တိကျမှန်ကန်တဲ့ iPhone 11 ရဲ့ ဒီဇိုင်းကို မြင်ချင်တယ်ဆိုရင်တော့ အချိန်အနည်းငယ်ပေးပြီး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
Ref : 9To5Mac
[Unicode]
နောက်ဆုံးရ သတင်းတွေမှာ ညွှန်းဆိုထားတဲ့ iPhone 11 ရဲ့ Triple Camera Setup ဒီဇိုင်း
iPhone 11 ရဲ့ ကျောဘက်ကင်မရာ ဒီဇိုင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက Onleaks ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ iPhone 11 ရဲ့ ကင်မရာပုံစံခွက်နဲ့ ကင်မရာ ၃လုံးတပ်ဆင်ပုံတွေဟာ အစီအရီဖြစ်မနေတဲ့အတွက် အဆိုပါပုံစံအတိုင်း ထွက်မလာနိုင်ဘူးလို့ လူတော်တော်များများက ယူဆခဲ့ကြပါတယ်။
ဒီနေ့မှာတော့ ဂျပန်ဘလော့တစ်ခုဖြစ်တဲ့ Macotakara က တရုတ် Suppliers တွေကနေ တစ်ဆင့် ရရှိထားတဲ့ သတင်းအရင်းအမြစ်တွေနဲ့အတူ iPhone 11 ရဲ့ Triple Camera Setup ဒီဇိုင်းကို သူတို့ရဲ့ ဘလော့မှာ ထုတ်ဖော်ပြသလာပါတယ်။ Macotakara က ထုတ်ဖော်ပြသလာတဲ့ iPhone 11 ရဲ့ Triple Camera Setup ဒီဇိုင်းဟာဆိုရင် Onleaks ကနေတစ်ဆင့် ထွက်ပေါ်ခဲ့တဲ့ Triple Camera Setup ဒီဇိုင်းနဲ့ မတူတော့ဘဲ ပိုမိုသေသပ်လှပလာတာ တွေ့ရပါတယ်။ အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ Huawei Mate 20 Pro ရဲ့ Triple Camera Setup လို ပုံမျိူး ကင်မရာ ၃လုံးကို Flash Light နဲ့အတူ လေးထောင့်ပုံစံခွက်ထဲမှာ အစီအရီ ထည့်သွင်းတပ်ဆင်ထားတာပါ။
တစ်ဖက်မှာလည်း The Wall Street Journal က iPhone 11 တွေမှာ Triple Camera Seutup တပ်ဆင်ထားမှာြဖစ်ကြောင်း ထုတ်ဖော်ရေးသားထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် iPhone 11 မော်ဒယ်အမြင့် ၂မျိူးမှာ OLED Display တွေကို အသုံးပြုထားနိုင်ပြီး iPhone XR ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းမှာတော့ LCD Display နဲ့အတူ Dual Camera Setup ကိုသာ တပ်ဆင်ထားနိုင်ကြောင်းကိုလည်း ရေးသားထားပါသေးတယ်။
မည်သို့ပင် ဆိုစေကာမူ Apple အနေနဲ့ မျိူးဆက်သစ် iPhone တွေကို စက်တင်ဘာလရောက်မှ မိတ်ဆက်လေ့ရှိတာကြောင့် ယခုထက်ပိုပြီး တိကျမှန်ကန်တဲ့ iPhone 11 ရဲ့ ဒီဇိုင်းကို မြင်ချင်တယ်ဆိုရင်တော့ အချိန်အနည်းငယ်ပေးပြီး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
Ref : 9To5Mac