Vivo ရဲ့ ကုမ္ပဏီခွဲ iQOO က iQOO 3 လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်းရဲ့ Teaser ကို မျှဝေလိုက်ပါတယ်။ iQOO က ဝီဘိုမှာ ပိုစတာ ၁ ခု တင်လိုက်ပြီး Specs တွေကို မဖော်ပြထားပါဘူး။ ဒါပေမယ့် နောက်ထပ် ဝီဘိုက ပို့စ်မှာ UFS 3.1 Storage ပါလာမယ်လို့ ဖော်ပြထားတဲ့အတွက် ဒေတာ ကူးပြောင်းတာ မြန်ဆန်မှာပါ။

iQOO 3 ကို မကြာခင်က TENAA မှာ မှတ်ပုံတင်ထားပြီး မော်ဒယ်နံပါတ်က V1955A ဖြစ်ပါတယ်။ အဲဒီ ဖုန်းရဲ့ Specs အပြည့်အစုံကိုလည်း ဖော်ပြထားပြီး ၆.၄၄ လက်မ FHD+ AMOLED မျက်နှာပြင် ပါလာမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံတွေအရ မျက်နှာပြင် ညာဘက်အထက်မှာ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ပါလာမှာပါ။ TENAA က စာရင်းအရ 16MP Resolution ဖြစ်ပါတယ်။

iQOO 3 ရဲ့ အနောက်ဘက်မှာ 64MP Main , 2MP , 13MP နဲ့ 13MP ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပြီး 2.84GHz Octa-core Processor မောင်းနှင်ထားမှာပါ။ Snapdragon 865 SoC ဖြစ်နိုင်ပါတယ်။ Android 10 ပါလာမှာ ဖြစ်ပြီး 6 or 8 or 12GB RAM တွေ ရွေးချယ်နိုင်မှာပါ။ Storage က 128GB နဲ့ 256GB တွေ ထုတ်လုပ်ထားမှာပါ။

5G နဲ့ 4,370mAh ဘက်ထရီ ပါလာနိုင်ပြီး Fast Charging နဲ့ USB-C Port ထည့်ထားနိုင်ပါတယ်။ ကြေညာမယ့်နေ့ကို မသိရသေးပေမယ့် TENAA ကို ရောက်လာသလို Teaser တွေလည်း ထွက်လာတဲ့အတွက် သိပ်မဝေးတော့ဘူးလို့ ထင်ပါတယ်။

Ref : gsmarena