[Zawgyi]

iQOO ဆိုတဲ့ အမွတ္တံဆိပ္ဟာ Vivo ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုပဲ ျဖစ္ပါတယ္။ Vivo ဟာ iQOO နဲ႔အတူ ဂိမ္းကစားသူေတြအႀကိဳက္ စမတ္ဖုန္းအမ်ိဳးအစားကို ထုတ္လုပ္ၿပီး နယ္ပယ္ခ်ဲ႕ထြင္တာလို႔လည္း ဆိုရမွာပါ။ အခုလည္း iQOO Neo ကို ထပ္မံမိတ္ဆက္ဦးမွာ ျဖစ္ပါတယ္။

ကုမၸဏီရဲ႕ တရားဝင္တ႐ုတ္ဝက္ဘ္ဆိုက္မွာေတြ႕ျမင္ရတာကေတာ့ iQOO Neo ကို လာမယ့္ ဇူလိုင္လ ၂ ရက္ေန႔မွာ မိတ္ဆက္မယ္ဆိုတာပဲ ျဖစ္ပါတယ္။ အခုအခ်ိန္ထိ ဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို မေတြ႕ျမင္ရေသးေပမယ့္ CNY9,999 ($1455) ျမန္မာေငြ ၂၂ သိန္းဝန္းက်င္ ဆိုတဲ့ေဈးႏႈန္းနဲ႔ ေနရာယူထားတာေတာ့ ေတြ႕ျမင္ရၿပီ ျဖစ္ပါတယ္။

ေနာက္ထပ္ေတြ႕ျမင္ရတာက iQOO Neo ရဲ႕ Render ပုံရိပ္အခ်ိဳ႕ပဲျဖစ္ပါတယ္။ အနက္ေရာင္နဲ႔ ခရမ္းေရာင္ iQOO Neo ပုံရိပ္ႏွစ္ခုကို ေတြ႕ျမင္ရတာေၾကာင့္ အနည္းဆုံး အေရာင္ႏွစ္မ်ိဳးနဲ႔ထြက္လာမယ္ဆိုတာကို အတည္ျပဳႏိုင္တယ္လို႔ ဆိုရမွာပါ။ ခရမ္းေရာင္ကေတာ့ Gradient အမ်ိဳးအစားျဖစ္ပါတယ္။ အနက္ေရာင္ကေတာ့ Carbon Fiber texture လိုပုံစံမ်ိဳး ျဖစ္ပါတယ္။

ဝက္ဘ္ဆိုက္ေပၚက Render ပုံရိပ္ေတြမွာလည္း TENAA ေပၚကပုံရိပ္ေတြအတိုင္း ေက်ာဘက္ကင္မရာသုံးလုံး တပ္ဆင္ထားတာနဲ႔ မ်က္ႏွာျပင္မွာ Teardrop notch ပါဝင္တာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ကင္မရာသုံးလုံးနဲ႔ ဖလက္ရွ္ကို ေဘာင္တစ္ခုတည္းမွာ တြဲထားတာကပဲ iQOO နဲ႔ အနည္းငယ္ကြဲျပားသြားတယ္လို႔ ဆိုရမွာပါ။

TENAA ေပၚမွာ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ iQOO Neo ဟာ Snapdragon 845 SoC ကို အသုံးျပဳထားမယ္ဆိုတာ အတည္ျပဳႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ 4,500mAh ဘက္ထရီ သုံးထားမယ္ဆိုတာကိုလည္း သိခဲ့ၿပီးျဖစ္ပါတယ္။ iQOO Neo ဟာ မိတ္ဆက္ခ်ိန္နီးကပ္ေနေပမယ့္ က်န္တဲ့အခ်က္အလက္အေသးစိတ္ကိုေတာ့ အခုထိ မသိရေသးဘဲ ျဖစ္ေနပါေသးတယ္။

Ref: GSMArena

[Unicode]

တရားဝင်ဝက်ဘ်ဆိုက်ပေါ် ရောက်လာတဲ့ iQOO Neo ကို အရောင်နှစ်ရောင်နဲ့ တွေ့မြင်ရ

iQOO ဆိုတဲ့ အမှတ်တံဆိပ်ဟာ Vivo ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုပဲ ဖြစ်ပါတယ်။ Vivo ဟာ iQOO နဲ့အတူ ဂိမ်းကစားသူတွေအကြိုက် စမတ်ဖုန်းအမျိုးအစားကို ထုတ်လုပ်ပြီး နယ်ပယ်ချဲ့ထွင်တာလို့လည်း ဆိုရမှာပါ။ အခုလည်း iQOO Neo ကို ထပ်မံမိတ်ဆက်ဦးမှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ တရားဝင်တရုတ်ဝက်ဘ်ဆိုက်မှာတွေ့မြင်ရတာကတော့ iQOO Neo ကို လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ အခုအချိန်ထိ ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မတွေ့မြင်ရသေးပေမယ့် CNY9,999 ($1455) မြန်မာငွေ ၂၂ သိန်းဝန်းကျင် ဆိုတဲ့ဈေးနှုန်းနဲ့ နေရာယူထားတာတော့ တွေ့မြင်ရပြီ ဖြစ်ပါတယ်။

နောက်ထပ်တွေ့မြင်ရတာက iQOO Neo ရဲ့ Render ပုံရိပ်အချို့ပဲဖြစ်ပါတယ်။ အနက်ရောင်နဲ့ ခရမ်းရောင် iQOO Neo ပုံရိပ်နှစ်ခုကို တွေ့မြင်ရတာကြောင့် အနည်းဆုံး အရောင်နှစ်မျိုးနဲ့ထွက်လာမယ်ဆိုတာကို အတည်ပြုနိုင်တယ်လို့ ဆိုရမှာပါ။ ခရမ်းရောင်ကတော့ Gradient အမျိုးအစားဖြစ်ပါတယ်။ အနက်ရောင်ကတော့ Carbon Fiber texture လိုပုံစံမျိုး ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်ပေါ်က Render ပုံရိပ်တွေမှာလည်း TENAA ပေါ်ကပုံရိပ်တွေအတိုင်း ကျောဘက်ကင်မရာသုံးလုံး တပ်ဆင်ထားတာနဲ့ မျက်နှာပြင်မှာ Teardrop notch ပါဝင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကင်မရာသုံးလုံးနဲ့ ဖလက်ရှ်ကို ဘောင်တစ်ခုတည်းမှာ တွဲထားတာကပဲ iQOO နဲ့ အနည်းငယ်ကွဲပြားသွားတယ်လို့ ဆိုရမှာပါ။

TENAA ပေါ်မှာ မြင်တွေ့ခဲ့ရတာကြောင့် iQOO Neo ဟာ Snapdragon 845 SoC ကို အသုံးပြုထားမယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် 4,500mAh ဘက်ထရီ သုံးထားမယ်ဆိုတာကိုလည်း သိခဲ့ပြီးဖြစ်ပါတယ်။ iQOO Neo ဟာ မိတ်ဆက်ချိန်နီးကပ်နေပေမယ့် ကျန်တဲ့အချက်အလက်အသေးစိတ်ကိုတော့ အခုထိ မသိရသေးဘဲ ဖြစ်နေပါသေးတယ်။

Ref: GSMArena