vivo ရဲ့ Brand အခွဲဖြစ်တဲ့ iQOO ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက iQOO 12 Series ဖုန်းတွေကို မိတ်ဆက်ခဲ့သလို အခုလည်း နောက်ထပ် iQOO Neo9 နဲ့ iQOO Neo9 Pro ဖုန်းတွေကို တရုတ်နိုင်ငံစျေးကွက်အတွက် ထပ်မံမိတ်ဆက်လိုက်ပါပြီ။​

iQOO Neo9 Pro ဖုန်းဟာ Performance ပိုင်းမှာ MediaTek ရဲ့ Dimensity 9300 Chipset ကို အသုံးပြုထားပြီး အမြင့်ဆုံး 16GB LPDDR5X RAM အပြင် 1TB UFS 4.0 Storage တွေလည်းပါဝင်မှာဖြစ်ပါတယ်။​ Gaming ပိုင်းမှာ စွမ်းဆောင်ရည်အမြင့်ဆုံးရရှိစေဖို့အတွက် Q1 Chip သီးသန့်ထည့်သွင်းထားသလို 6043mm² Area ရှိတဲ့ VC Liquid Cooling ၊ Double-layer Power Pump Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။​

Display ပိုင်းမှာ iQOO Neo9 Pro ဖုန်းဟာ 6.78″ 144Hz LTPO AMOLED Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ 2800×1260 Pixels ရှိမယ်လို့ သိရပါတယ်။ အမြင့်ဆုံး Peak Brightness 1400nits အပြင် HDR10+ ကိုပါ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။​ ဖုန်း Screen ကို ရေစိုနေတဲ့အချိန်မှာပါ အသုံးပြုနိုင်မယ့် Wet Hand Control Feature လည်း ပါဝင်ဦးမှာပါ။

Camera ပိုင်းမှာ 50MP Main Camera နဲ့ 50MP Ultrawide Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး vivo ကတော့ အဆိုပါ Sensor တွေဟာ vivo X100 ဖုန်းရဲ့ Camera Sensor တွေနဲ့ အတူတူအသုံးပြုထားတယ်လို့ ဆိုထားပါတယ်။​ Selfie Camera အတွက် 16MP Camera ကို Punch-hole Design ပြုလုပ်ထားမှာပါ။​

Battery ပိုင်းမှာ 5160mAh Battery ပါဝင်ပြီး 120W Fast Charging ကို ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။​ ကျန်တဲ့ Feature တွေအနနဲ့ကတော့ Stereo Speaker ၊​ Wi-Fi 7 ၊​ Under-Display Fingerprint Sensor နဲ့ Bluetooth 5.4 တွေပါဝင်မှာဖြစ်ပါတယ်။​

iQOO Neo9 ဖုန်းက အကုန်လုံးနီးပါး Neo9 Pro နဲ့ တူညီပြီး အဓိကကွာခြားချက်အနေနဲ့ Chipset ပိုင်းမှာ Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားပြီး 8MP Ultrawide Camera သုံးထားတာပဲ ကွာခြားမှာဖြစ်ပါတယ်။​ ကျန်တဲ့ RAM နဲ့ Storage ပိုင်း အနည်းငယ်ကွာခြားနိုင်ပြီး Bluetooth Version အနေနဲ့လည်း 5.3 ကိုပဲ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ iQOO Neo9 ဖုန်းဟာ တရုတ်ယွမ်ငွေ ၂,၂၉၉ ကနေ စတင်မှာဖြစ်ပြီး iQOO Neo9 Pro ဖုန်းက ယွမ်ငွေ ၂,၉၉၉ ကနေ စတင်မှာဖြစ်တာကြောင့် စျေးနှုန်းအရ တော်တော်လေး သက်သာတဲ့ဖုန်းတွေဖြစ်ပါတယ်။​

Ref – GSM Arena