Dimensity 9300 Chipset နဲ့ 144Hz LPTPO AMOLED မျက်နှာပြင်ပါတဲ့ iQOO Neo 9 Pro ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်မှာ ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ နိုင်ငံတကာ မော်ဒယ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ မော်ဒယ် ၂ ခုရဲ့ အဓိက ကွာခြားချက်က Chipset ဖြစ်ပြီး နိုင်ငံတကာ မော်ဒယ်မှာ Qualcomm Snapdragon 8 Gen 2 SoC မောင်းနှင်ထားပါတယ်။

iQOO Neo9 Pro arrives in India with Snapdragon 8 Gen 2 chipset

iQOO Neo9 Pro မှာ 6.78” LTPO AMOLED 1,260×2,800p မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ရဲ့ Peak Brightness က 3,000 Nits ဖြစ်ပြီး 16MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာမြှပ်နှံထားပါတယ်။ Neo9 Pro မှာ ၂ ရောင်စပ် ဒီဇိုင်းကို အသုံးပြုထားပြီး အနောက်ဘက်ကို သားရေအတု ဒီဇိုင်း ပြုလုပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

iQOO Neo9 Pro arrives in India with Snapdragon 8 Gen 2 chipset

120W Fast Charging ထောက်ပံ့တဲ့ 5,160mAh Battery ထည့်သွင်းထားပြီး Android 14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပါတယ်။ iQOO က Android Version Update ၃ နှစ်နဲ့ Security Patch ၄ နှစ် ပေးမယ်လို့ ကတိပြုထားပါတယ်။

iQOO Neo9 Pro အတွက် Fiery Red နဲ့ Conqueror Black ၂ ရောင်ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၄၁၀ ဒေါ်လာ သတ်မှတ်ထားပြီး မတ်လ ၂၁ ရက်နေ့ ရောင်းချမှာပါ။ 8/256GB နဲ့ 12/256GB Version တွေကိုလည်း ထုတ်လုပ်ထားပါတယ်။

ref : gsmarena