Vivo က တရုတ်မှာ iQOO Pad နဲ့ TWS Air Pro ကို ကြေညာလိုက်ပါတယ်။

iQOO Pad

iQOO Pad မှာ 12.1” IPS LCD 1800x2880p မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ထည့်သွင်းထားပါတယ်။ Vertical Content တွေအတွက် အဆင်ပြေတဲ့ 7:5 Aspect Ratio ထောက်ပံ့ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။

iQOO Pad launches as inaugural Dimensity 9000 Plus-powered tablet alongside new TWS Air Pro earbuds - NotebookCheck.net News

iQOO Pad မှာ အလူမီနီယံ ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အထူက ၆.၅၉ မီလီမီတာ ရှိပါတယ်။ အနောက်ဘက်က စက်ဝိုင်းပုံ ကင်မရာ Island ထဲမှာ 13MP Main နဲ့ 2MP Macro ကင်မရာ ထည့်သွင်းထားပါတယ်။

Dimensity 9000+ Chipset မောင်းနှင်ထားပြီး 8/12GB LPDDR4X RAM နဲ့ 128/256/512GB UFS 3.1 Storage ထည့်သွင်းထားပါတယ်။ Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားပြီး iQOO Pencil Stylus နဲ့ အသုံးပြုနိုင်ပါတယ်။ 44W Fast Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါပါတယ်။

iQOO Pad ရဲ့ 8/128GB ကို ၃၂၆ ဒေါ်လာနဲ့ 12/512GB ကို ၄၆၈ ဒေါ်လာ သတ်မှတ်ထားပြီး Grey အရောင် ၁ မျိုးထဲ ထုတ်လုပ်ထားကာ တရုတ်မှာ မေလ ၃၁ ရက်နေ့ ရောင်းမှာပါ။

iQOO TWS Air Pro

iQOO TWS Air Pro မှာ 14.2mm Driver နဲ့ Active Noise Cancelation ပါလာပြီး Charging Case နဲ့ ပေါင်းလိုက်ရင် ဘက်ထရီ သက်တမ်းက နာရီ ၃၀ ဖြစ်ပါတယ်။ Bluetooth 5.3 ဆက်သွယ်မှု ပါလာပြီး AAC နဲ့ SBC Codecs တွေ ထောက်ပံ့ထားပါတယ်။

iQOO Pad and TWS Air Pro also announced

TWS Air Pro မှာ IP54 စံနှုန်း ပါလာပြီး ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။ Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပြီး နားကြပ်ပျောက်ရင် ရှာဖွေနိုင်တဲ့ Find my Earbuds လုပ်ဆောင်ချက် ပါပါတယ်။ ဂိမ်း ကစားရင် Latency နည်းပါးစေတဲ့ Mode ထည့်သွင်းထားပြီး White နဲ့ Black/Yellow အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ မေလ ၃၁ ရက်နေ့ ၃၈ ဒေါ်လာနဲ့ ရောင်းချမှာပါ။

Ref : gsmarena