iQOO Pad 2 နဲ့ Pad 2 Pro ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ တက်ဘလက် ၂ လုံးဟာ ဒီဇိုင်း တူညီပြီး Pro မှာ ပိုကြီးတဲ့ 13” IPS LCD 2064x3096p Display , 144Hz Refresh Rate ပါလာပါတယ်။ Pad 2 မှာ 12.1” IPS LCD 1968x2800p Display , 144Hz Refresh Rate ထည့်ထားပါတယ်။ Pro မှာ စပီကာ ၈ လုံးနဲ့ Pad 2 မှာ ၆ လုံး တပ်ဆင်ထားပါတယ်။

iQOO Pad2 and Pad2 Pro debut - GSMArena.com news

တက်ဘလက် ၂ လုံးရဲ့ Chipset တွေကလည်း ကွဲပြားပြီး Pro မှာ Dimensity 9300+ SoC နဲ့ Pad 2 မှာ Snapdragon 8s Gen 3 ပါပါတယ်။ Pro မှာ 16GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပြီး Pad 2 မှာ 12/512GB ပဲ အများဆုံး ပါပါတယ်။

Vivo's IQOO Pad 2 Pro Packs 144Hz Displays And Flagship Chips - Talk Android

Pad 2 မှာ 5MP အရှေ့နဲ့ 8MP အနောက်ကင်မရာ တပ်ဆင်ထားပြီး Pro မှာ 8MP အရှေ့နဲ့ 13MP အနောက်ကင်မရာ ပါပါတယ်။ Pro မှာ 11,500mAh Battery နဲ့ 66W Charging ၊ Pad 2 မှာ 10,000mAh Battery နဲ့ 44W  Charging ထည့်ထားပါတယ်။  ၂ လုံးစလုံးမှာ Android 14 အခြေပြု OriginOS 4 မောင်းနှင်ထားပါတယ်။

Pad 2 နဲ့ Pad 2 Pro အတွက် Silver , Blue နဲ့ Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Pad 2 8/128GB ကို ၃၅၀ ဒေါ်လာနဲ့ Pad 2 Pro 8/256GB ကို ၄၇၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena