Vivo ရဲ့ Gaming စွမ်းဆောင်ရည်အသားပေး အမှတ်တံဆိပ်ခွဲ iQOO ဟာ iQOO Z1 စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပြီး MediaTek Dimensity 1000+ ချစ်ပ်ဆက် အသုံးပြုထားတဲ့ ပထမဆုံးဈေးကွက်ဝင်ဖုန်းဖြစ်ပါတယ်။

ဒါပေမယ့် iQOO Z1 ဟာ အသစ်စက်စက် ဟန်းဆက်တော့မဟုတ်ဘဲ iQOO Neo3 5G ကို အခြေခံထားပြီး Dimensity 1000+ ကို ဝန်းရံကာ ပြန်လည်မိတ်ဆက်လာတာပါ။ ဒါ့ကြောင့် 6.57” LCD Display နဲ့ 144Hz Refresh Rate တို့ ပါဝင်မှာဖြစ်ပါတယ်။

ရှေ့ဘက်မျက်နှာပြင်ရဲ့ အပေါ်ညာဘက်ထောင့်မှာ Punch-hole တစ်ခုနဲ့ 16MP ဆဲလ်ဖီးကင်မရာတစ်လုံး ထည့်သွင်းထားတယ်။ နောက်ဘက်မှာ 48MP အဓိကကင်မရာကို 8MP Ultrawide နဲ့ 2MP Macro Sensor များဖြင့် တွဲဖက်ထားပါတယ်။ Android 10 အခြေခံ iQOO UI နဲ့အသုံးပြုရမှာဖြစ်ပြီး 6/128GB, 8/128GB နဲ့ 8/256GB ဆိုပြီး မန်မိုရီသုံးမျိုးရွေးချယ်နိုင်မှာပါ။

iQOO Z1 ဖုန်းမှာ စွမ်းဆောင်ရည် Boost လုပ်ပေးနိုင်ဖို့ Multi-Turbo 3.5 အအေးပေးစနစ်ပါဝင်ပြီး iQOO ရဲ့ အဆိုအရတော့ စမတ်ဖုန်းအပူချိန်ကို ၁၀ – ၁၂ ဒီဂရီဆဲလ်စီးယပ်ထိ လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ Fingerprint Scanner ကို လက်ရှိရေစီးအတိုင်း ဟန်းဆက်ရဲ့ဘေးဘက်မှာထည့်သွင်းထားပါတယ်။ ဘက္ထရီက 4,500 mAh ကို 44W SuperFlash အားသွင်းစနစ်နဲ့ဖြစ်ပြီး ဖုန်းအားတစ်ဝက်ပြည့်ဖို့ ၂၃ မိနစ်သာ ကြာမယ်လို့ ဆိုပါတယ်။

Z1 ဟာ Galaxy Silver နဲ့ Space Blue ကာလာတွေနဲ့ ထွက်ရှိလာပြီး နာမည်ကြီး ဂျပန် Anime ဖြစ်တဲ့ One Piece နဲ့ ပူးပေါင်းထားတဲ့ Special Edition လည်း ထွက်ရှိဦးမှာပါ။ ဈေးနှုန်းကတော့ အနိမ့်ဆုံး 6/128GB ကို တရုတ်ယွမ် ၂၁၉၈ (မြန်မာငွေ လေးသိန်းသုံးသောင်း) ကျသင့်ပြီး 8/128GB အတွက် ယွမ် ၂၄၉၈ (ကျပ်ငွေငါးသိန်းနီးပါး) နဲ့ အမြင့်ဆုံး 8/256GB မော်ဒယ်အတွက် ယွမ် ၂၇၉၈ (မြန်မာငွေ ငါးသိန်းခွဲ) သတ်မှတ်ထားပါတယ်။

Ref – GSMArena