[Zawgyi]

NASA က လာမယ့္ႏွစ္ အေစာပိုင္းကစၿပီး ႏိုင္ငံတကာ အာကာသစခန္း (ISS) ကို အလည္သြားခ်င္တဲ့ ခရီးသြားမ်ား၊ အာကာသ ကုမၸဏီမ်ားရဲ႕ အာကာသယာဥ္မႉးမ်ားနဲ႔ ကုမၸဏီလုပ္ငန္းမ်ားကို ပို႔ေဆာင္ေပးေတာ့မွာပါ။ စိတ္ဝင္စားစရာေတာ့ ေကာင္းေနပါၿပီ။ ဒါေပမယ့္ ခရီးစားရိတ္ကေတာ့ ေသးမွာ မဟုတ္ပါဘူး။

ကုမၸဏီမ်ားဟာ သုေတသနလုပ္ငန္းမ်ားအတြက္ ISS ကို သုံးေနၾကပါတယ္။ ဒါေပမယ့္ အခု ဝန္ေဆာင္မႈက ဒီထက္ က်ယ္ျပန႔္လာၿပီး အာကာသ ခရီးသြားလုပ္ငန္းလို အရာမ်ား ပါလာပါတယ္လို႔ နာဆာက ရွင္းျပပါတယ္။ ISS ခရီးစဥ္ တစ္ေၾကာင္းကို ရက္ေပါင္း ၃၀ ၾကာျမင့္မွာပါ။ ISS ကို ဟိုတယ္လို ဖန္တီးေပးထားပါတယ္။ တစ္ညတာ တည္းခိုခြင့္ကလည္း မေသးပါဘူး။ ေဒၚလာ ၃၅၀၀၀ က်ပါတယ္။ အစားအစာအတြက္ ေဒၚလာ ၂၂၅၀၀ ၊ ေရ၊ ေအာက္ဆီဂ်င္၊ အိမ္သာ အသုံးျပဳခအတြက္ ေဒၚလာ ၁၁၂၅၀ နဲ႔ အင္တာနက္အတြက္ 1 Gigabyte ကို ၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ အင္တာနက္ ရတဲ့ အတြက္ အာကာသ ဆဲလ္ဖီးေတြ ႐ိုက္ၿပီး Facebook ေပၚ ခ်က္ခ်င္း တင္ႏိုင္ပါေသးတယ္။ အဲဒီ စားရိတ္အားလုံးအတြက္ ရက္ေပါင္း ၃၀ ကို ေဒၚလာ ၁ သန္းေက်ာ္ က်သြားမွာပါ။

လူတစ္ဦးအတြက္ အသြား၊ အျပန္ စားရိတ္က ေဒၚလာ ၅၈ သန္းပါ။ အားလုံးေပါင္းလိုက္ရင္ ေဒၚလာ ၅၉ သန္းေလာက္က်သင့္မွာပါ။ အဲဒီအတြက္ ျမန္မာေငြ သန္း ၉၀၀၀၀ ေလာက္ကုန္က်မွာပါ။ ခရီးစဥ္တစ္ေၾကာင္းမွာ လူေလးဦး လိုက္ပါႏိုင္ပါတယ္။ နာဆာဟာ ခရီးစဥ္တစ္ေၾကာင္းကို ေဒၚလာ ၄.၂ သန္း ျမတ္ႏိုင္တယ္လို႔ တြက္ခ်က္ထားပါတယ္။

တစ္ႏွစ္မွာ ခရီးစဥ္ႏွစ္ေၾကာင္းသာ ေျပးဆြဲမွာပါ။ SpaceX သို႔မဟုတ္ Boeing ရဲ႕ အာကာသယာဥ္မ်ားနဲ႔ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။ နာဆာဟာ ခရီးစဥ္တစ္ေၾကာင္းအတြက္ ေဒၚလာ သန္း ၆၀ ေလာက္ ကုန္က်မယ္လို႔ BBC က တြက္ခ်က္ထားပါတယ္။

Ref : Gizmodo 

[Unicode]

မြန်မာငွေ သန်း ၉သောင်းနဲ့ နိုင်ငံတကာ အာကာသစခန်းကို လည်ပတ်နိုင်မည်

NASA က လာမယ့်နှစ် အစောပိုင်းကစပြီး နိုင်ငံတကာ အာကာသစခန်း (ISS) ကို အလည်သွားချင်တဲ့ ခရီးသွားများ၊ အာကာသ ကုမ္ပဏီများရဲ့ အာကာသယာဉ်မှူးများနဲ့ ကုမ္ပဏီလုပ်ငန်းများကို ပို့ဆောင်ပေးတော့မှာပါ။ စိတ်ဝင်စားစရာတော့ ကောင်းနေပါပြီ။ ဒါပေမယ့် ခရီးစားရိတ်ကတော့ သေးမှာ မဟုတ်ပါဘူး။

ကုမ္ပဏီများဟာ သုတေသနလုပ်ငန်းများအတွက် ISS ကို သုံးနေကြပါတယ်။ ဒါပေမယ့် အခု ဝန်ဆောင်မှုက ဒီထက် ကျယ်ပြန့်လာပြီး အာကာသ ခရီးသွားလုပ်ငန်းလို အရာများ ပါလာပါတယ်လို့ နာဆာက ရှင်းပြပါတယ်။ ISS ခရီးစဉ် တစ်ကြောင်းကို ရက်ပေါင်း ၃၀ ကြာမြင့်မှာပါ။ ISS ကို ဟိုတယ်လို ဖန်တီးပေးထားပါတယ်။ တစ်ညတာ တည်းခိုခွင့်ကလည်း မသေးပါဘူး။ ဒေါ်လာ ၃၅၀၀၀ ကျပါတယ်။ အစားအစာအတွက် ဒေါ်လာ ၂၂၅၀၀ ၊ ရေ၊ အောက်ဆီဂျင်၊ အိမ်သာ အသုံးပြုခအတွက် ဒေါ်လာ ၁၁၂၅၀ နဲ့ အင်တာနက်အတွက် 1 Gigabyte ကို ၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အင်တာနက် ရတဲ့ အတွက် အာကာသ ဆဲလ်ဖီးတွေ ရိုက်ပြီး Facebook ပေါ် ချက်ချင်း တင်နိုင်ပါသေးတယ်။ အဲဒီ စားရိတ်အားလုံးအတွက် ရက်ပေါင်း ၃၀ ကို ဒေါ်လာ ၁ သန်းကျော် ကျသွားမှာပါ။

လူတစ်ဦးအတွက် အသွား၊ အပြန် စားရိတ်က ဒေါ်လာ ၅၈ သန်းပါ။ အားလုံးပေါင်းလိုက်ရင် ဒေါ်လာ ၅၉ သန်းလောက်ကျသင့်မှာပါ။ အဲဒီအတွက် မြန်မာငွေ သန်း ၉၀၀၀၀ လောက်ကုန်ကျမှာပါ။ ခရီးစဉ်တစ်ကြောင်းမှာ လူလေးဦး လိုက်ပါနိုင်ပါတယ်။ နာဆာဟာ ခရီးစဉ်တစ်ကြောင်းကို ဒေါ်လာ ၄.၂ သန်း မြတ်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။

တစ်နှစ်မှာ ခရီးစဉ်နှစ်ကြောင်းသာ ပြေးဆွဲမှာပါ။ SpaceX သို့မဟုတ် Boeing ရဲ့ အာကာသယာဉ်များနဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ နာဆာဟာ ခရီးစဉ်တစ်ကြောင်းအတွက် ဒေါ်လာ သန်း ၆၀ လောက် ကုန်ကျမယ်လို့ BBC က တွက်ချက်ထားပါတယ်။

Ref : Gizmodo