အီတလီရဲ့ ဒေတာ ကာကွယ်ရေး အေဂျင်စီ Garante က ကိုယ်ရေးကိုယ်တာ ဒေတာတွေ အလွဲသုံးစားလုပ်မှုနဲ့ OpenAI ကို ဒေါ်လာ ၁၅.၆ သန်း ဒဏ်ရိုက်လိုက်ပါတယ်။

Understanding the Cost of OpenAI API - Distillery

ChatGPT ရဲ့ ဒေတာ အသုံးပြုမှုတွေကို စစ်ဆေးခဲ့ပြီး OpenAI ဟာ သုံးစွဲသူတွေကို အသိပေးထားတာ မရှိဘဲ AI ကို လေ့ကျင့်သင်ကြားဖို့ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို အသုံးပြုနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

Exploring the Power of OpenAI ChatGPT Plugins: Enhancing Conversational AI

၂၀၂၃ ခုနှစ်မှာ စစ်ဆေးခဲ့တာ ဖြစ်ပြီး OpenAI ဟာ လုံလောက်တဲ့ အသက် ခွဲခြားတဲ့ စနစ် မရှိဘဲ အသက် ၁၃ နှစ်အောက် ကလေးတွေဟာ အန္တရာယ်ရှိတဲ့ AI ပေးတဲ့ Content တွေကို တွေ့ကြုံနေရတယ်လို့ သိရှိခဲ့ပါတယ်။

ဒါ့အပြင် Garante က ChatGPT ရဲ့ လုပ်ငန်းနဲ့ ဒေတာ စုဆောင်းတဲ့ အပြုအမူတွေကို ရှင်းပြဖို့ OpenAI ကို တောင်းဆိုလိုက်ပါတယ်။

OpenAI က ဒီအမှုဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ အယူခံဝင်မယ်လို့ ပြောပါတယ်။ ဒါဟာ အီတလီရဲ့ AI နည်းပညာ တိုးတက်မှုကို အဟန့်အတား ဖြစ်စေမယ်လို့ ပြောပါတယ်။

Ref: Tech Explorers