စျေးကွက်အတွင်း itel Vision 1 plus စမတ်ဖုန်းကို မိတ်ဆက်ခြင်း

ရက် ၁၈၀ အတွင်း itel စမတ်ဖုန်း အားလုံး ဖုန်း(မျက်နှာပြင်) screen အခမဲ့ လဲလှယ်ခွင့် တစ်ကြိမ်ပါရှိခြင်း

လွန်ခဲ့သော ၁၀ နှစ်မတိုင်မီကပင် itel သည် ကမ္ဘာ့ စျေးကွက်အတွင်း ဝင်ရောက်ခဲ့သော တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာ့မိုဘိုင်းစျေးကွက်တွင် ယုံကြည်စိတ်ချရသော အမည်တံဆိပ် တစ်ခုဖြစ်လာရန် လုပ်ဆောင်ခဲ့ပါသည်။ itel ၏ နည်းပညာများကို လူတိုင်း လက်လှမ်းမီလာစေရန် ဖြေရှင်းခြင်းနှင့် စူးစိုက် လုပ်ဆောင်ခြင်းတို့ကြောင့် မြတ်မြတ်နိုးနိုးနှင့် ဂုဏ်ယူစွာ၊ စိတ်ချယုံကြည်စွာ ကိုင်တွယ်နိုင်သော ပစ္စည်းများအဖြစ် ဖန်တီး နိုင်ခဲ့သည်။ ယခုအချိန်တွင် itel သည် မြန်မာနိုင်ငံ၏ စျေးကွက်အတွင်း စီးပွားရေးအရ ဝင်ရောက်ချဲ့ထွင်ရန် စိတ်အား ထက်သန်လျက်ရှိပြီး သူ၏ အထင်ကရ စမတ်ဖုန်းများဖြစ်သည့် Vision 1 Plus စီးရီးများကို ပွဲဦးထွက်အနေဖြင့် မိတ်ဆက်သွားပါမည်။ စမတ်ဖုန်း အတွေ့အကြုံကောင်းကောင်းပေးစွမ်းမည့် ၆.၅ လက်မ HD+ IPS Waterdrop မျက်နှာပြင်နှင့် ကြီးမားသော 5000 mAh ဘက်ထရီရှိသည့် Vision 1 Plus RAM 2GB မော်ဒယ်ကို တန်ဖိုး ငွေကျပ် (၁၁၉၉၀၀) ဖြင့်လည်းကောင်း၊ RAM 3GB မော်ဒယ်ကို တန်ဖိုးငွေကျပ် (၁၃၉၉၀၀) ဖြင့်သာလည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး Vision 1 Plus စီးရီးသည် game changer ၊ ဆန်းသစ်သော လုပ်ဆောင်ချက်များ စသည်တို့ဖြင့် ပုံစံထုတ်ထားသည်။

ပိုကြည့်လေ၊ ပိုရှင်းလင်းလေ

Vision 1 Plus နဲ့ ပတ်သက်လို့ ညွှန်းဆိုရမယ်ဆိုရင် သူရဲ့ တောက်ပတဲ့ waterdrop notch ၆.၅ လက်မ မျက်နှာပြင်အပြည့်နဲ့ 20:9 အချိုး ရှိတဲ့ aspect ratio တို့ဘဲ ဖြစ်ပါတယ်။ အံ့သြဖွယ် မြင်ကွင်းရှုထောင့်များနဲ့ မျက်နှာပြင်အတွက် သူ့ရဲ့ 500cd/m2 ရှိတဲ့ တောက်ပမှုနဲ့ ကြီးမားတဲ့ ရောင်စဥ်ဖြာထွက်မှုတို့ကို ချီးကျူးသြဘာပေးရမှာဖြစ်ပြီး တိုက်ရိုက်နေရောင်အောက်မှာပင် video ကြည့်သည် ဖြစ်စေ၊ app တစ်ခုခုကို ဖွင့်ကြည့်သည်ဖြစ်စေ အသက်ရှုမှားဖွယ် အတွေ့အကြုံကို ရရှိစေမှာ ဖြစ်တယ်။

တကြိမ် အားသွင်းထားရင် ၃ရက် သုံးနိုင်ခြင်း

Vision 1 Plus ကို 5000 mAh ဘက်ထရီ တပ်ဆင်ထားခြင်းကြောင့် ကြာရှည်အသုံးခံမှုအတွက် အတိုင်းအတာသစ် တစ်ရပ်ကို ရောက်ရှိစေပါတယ်။ သင့်ရဲ့ နေ့စဥ်အသုံးပြုမှုနဲ့ ဖျော်ဖြေမှုဆိုင်ရာ လိုအပ်ချက်တို့အတွက် အဆင့်မြှင့်ထားတဲ့ Al Power Master နဲ့ အထင်ကြီးလောက်စရာ ကောင်းအောင် ကြီးမားတဲ့ ဘက်ထရီတို့က ပံ့ပိုးပေးပါမယ်။ သင့်ရဲ့ ဆဲလ်ဖုန်းကို အချိန်ပြည့်မဟုတ်ဘဲ ပုံမှန်သာ အသုံးပြုမယ်ဆိုရင် ၃ရက်အထိ အားသွင်းရန်မလိုဘဲ အသုံးပြုနိုင်ပြီး 5V2A အားသွင်း နည်းပညာနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ (RAM 3GB ဗားရှင်းအတွက် 5V2A အမြန်အားသွင်းမှု ရနိုင်ပြီး RAM 2GB ဗားရှင်းအတွက် 5V1A ရနိုင်ပါတယ်)

AI Face Beauty ဖြင့် 13 MP ရှေ့နောက် ကင်မရာ

Vision 1 Plus ဖြင့် ဖေစ့်ဘုတ်၊ အင်စတာဂရမ်၊ တစ်တော့တို့တွင် တင်ရန်အတွက် ဓါတ်ပုံရိုက်ရာတွင် 8 MP ရှိသော ရှေ့ကင်မရာ၊ 13 MP ရှိသော နောက်ကင်မရာတို့အပြင် AI Face Beauty နည်းပညာရဲ့ အနုပညာဆန်သော ရိုက်ချက်တွေက သင့်ပုံကိုအပြစ်ဆိုဖွယ်မရှိအောင် ပြုလုပ်ပေးပါလိမ့်မည်။

သင်ချစ်မြတ်နိုးသော အရာများအတွက် ပိုမိုသော နေရာနှင့် ပိုမိုကောင်းမွန်သော အသွင်အပြင်

Vision 1 Plus သည် RAM 3GB ရှိရာ လုပ်ဆောင်မှုများ ချောမွေ့စေပြီး တစ်ပြိုင်တည်းမှာပင် ပါဝါအသုံးပြုမှုနှင့် အပူချိန်လွန်ကဲစွာ ထုတ်လုပ်ခြင်းတို့ကို ကျဆင်းစေသည်။ ထို့အပြင် Vision 1Plus တွင် သိမ်းဆည်းရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင် မည့် storage ပမဏသည် 32 GB ရှိသည်။ ပုံ၊ video နှင့် app များကို အကန့်အသတ်မဲ့လုနီးပါး သိမ်းဆည်းနိုင်သည်။ (*2GB RAM ရှိသော Vision 1 Plus လည်း ရနိုင်သည်။)

မျှော်မှန်းထားသည်ထက် မြန်ဆန်ခြင်း

Vision 1 Plus သည် lightning-fast 4 G data နည်းပညာဖြင့် ပံ့ပိုးပေးထားသည့်အတွက် အချက်အလက်များ ရွှေ့ပြောင်းရာတွင် မြန်ဆန်ခြင်း၊ သုံးစွဲသောပမာဏနည်းပါးခြင်း၊ ပိုမိုအားထားလောက်သော ချိတ်ဆက်နိုင်ခြင်း တို့ကို ဖြစ်စေ ပါသည်။ Vision 1 Plus ဖြင့် အင်တာနက် လျင်မြန်စွာ ချိတ်ဆက်နိုင်မှုကို အမြဲတမ်း အာမခံနိုင်သည်။

ဆန်းသစ်ပြောင်းလဲထားသော Double S line နှင့် AG Effect ပါဝင်သည့် 8.6 mm ရှိ အလွန်ပါးလွှာသော ဖုန်းကိုယ်ထည် ဒီဇိုင်း

ကျစ်လစ်သော ဖုန်းကိုယ်ထည် တည်ဆောက်ပုံအားဖြင့် Vision 1 Plus သည် ရေ၊ ဖုန်နှင့် အခြားသက်ရောက်မှုများကို ကြံ့ကြံ့ ခံနိုင်ရန် လုံလုံခြုံခြုံ ပြည့်ပြည့်စုံစုံ တည်ဆောက်ထားပါသည်။ အသစ်အဆန်းဖြစ်သော Double S line ဒီဇိုင်းနှင့် သာလွန်ကောင်းမွန်သော matte frosted glass(AG) နည်းပညာတို့ဖြင့် ဖြည့်ဆည်းထားသောကြောင့် Vision 1 Plus သည် သပ်ရပ်တောက်ပရုံသာမက နူးညံ့သော ထိတွေ့မှုကို ခံစားနိုင်သည့် ဖုန်းတလုံးအဖြစ် ရပ်တည်နေသည်။

ရက် ၁၈၀ အတွင်း ဖုန်း(မျက်နှာပြင်) screen အခမဲ့ လဲလှယ်ခွင့်တစ်ကြိမ်

မြန်မာ့စျေးကွက်အတွင်း၌ itel ၏ စမတ်ဖုန်းအားလုံးသည် ဝယ်ယူပြီးနောက် ရက် ၁၈၀ အတွင်း Display မျက်နှာပြင် အခမဲ့ လဲလှယ်ခွင့် တကြိမ်ရရှိမည် ဖြစ်ပြီး၊ မြန်မာတနိုင်ငံလုံးတွင် itel အတွက် ဆားဗစ်စင်တာ စုစုပေါင်း ၁၄ ခုရှိပါသည်။ သတင်း အချက်အလက် ပိုမိုရရှိလိုလျှင် ကျေးဇူးပြု၍ itel Myanmar Facebook page တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ itel ၏ Vision 1 Plus ကို စက်တင်ဘာလ (၄)ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ ဖုန်းဆိုင် များတွင် ဝယ်ယူရရှိနိုင်ပါသည်။