iAI ရဲ့ Jaka AI ဟာ တော်တော် အစွမ်းထက်ပြီး NVIDIA ရဲ့ စာမေးပွဲမှာ ၁၀ မိနစ်အတွင်း အမှတ် ၁၀၀ ရသွားပါတယ်။
Jaka AI ကို ဟောင်ကောင် AI နည်းပညာ ကုမ္ပဏီ iAI Center က ဖန်တီးထားတာဖြစ်ပြီး ကုမ္ပဏီဟာ မောင်းသူမဲ့ ကား စနစ်နဲ့ iAI Agent App တွေကို ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီဟာ Jaka AI ကို NVIDIA ရဲ့ အခြေခံ AI သင်တန်းကို တက်ရောက်စေခဲ့ပါတယ်။
သင်တန်း အမည်က “AI for All : From Basics to GenAI Practice” ဖြစ်ပြီး အောက်ပါ သင်ခန်းစာတွေ ပါပါတယ်။
၁။ AI အသွင်ပြောင်းမှု
၂။ AI မိတ်ဆက်
၃။ Generative AI အကျဉ်းချုပ်
၄။ GPUs နဲ့ AI ကို အရှိန်မြှင့်ခြင်း
သင်တန်းပြီးရင် မေးခွန်း ၁၅ ခု ပါတဲ့ အချိန် ၁ နာရီကြာ စာမေးပွဲကို ဖြေဆိုရပါတယ်။ ၇၀ ရာခိုင်နှုန်း မှန်ရင် Certificate ပေးပါတယ်။ Jaka AI က ၁၀ မိနစ်ထဲနဲ့ မေးခွန်းအားလုံးကို ၁၀၀ ရာခိုင်နှုန်းမှန်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒါဟာ တော်တော် ရှားပါးတယ်လို့ ပြောရမှာပါ။ AI ဟာ ပညာသင်ကြားရာမှာ အစွမ်းထက်တယ်ဆိုတာ ဒါက သက်သေပြနေပါတယ်။
Ref : Tech Explorers