အမေရိကန်ရဲ့ တရုတ်နိုင်ငံအပေါ် Chip restrictions မှာ ဂျပန်နိုင်ငံနဲ့ နယ်သာလန်နိုင်ငံတို့ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီလိုက်ကြောင်း Bloomberg က ရေးသားဖော်ပြလိုက်ပါတယ်။ ဒီလိုပူးပေါင်းရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့အနေနဲ့ ကိုယ်ပိုင်ပြည်တွင်း Chip တည်ဆောက်ဖို့နဲ့ တရုတ်ရဲ့ ရည်မှန်းချက်ကို လျှော့ချဖို့ ဖြစ်တယ်လို့ Outlet ရဲ့ သတင်းရင်းမြစ်တွေကတစ်ဆင့် သိရပါတယ်။

ဒက်ချ်ကုမ္ပဏီ ASML Holding HV ဟာ Chip ထုတ်လုပ်ဖို့အတွက်အသုံးပြုတဲ့ Deep ultraviolet lithography machine တွေ လွှဲပြောင်းခြင်းကို တားဆီးမှာဖြစ်ပြီး ဂျပန် Nikon ကော်ပိုရေးရှင်းကလည်း အလားတူ ကန့်သတ်ချက်တွေကို ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုတွေဟာ တရုတ်ရဲ့ ရည်မှန်းချက်အပေါ် ဘယ်လောက်အထိ သက်ရောက်မှု ဖြစ်ပေါ်စေမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဂျပန်နဲ့ နယ်သာလန်တို့ရဲ့ ဒီပူးပေါင်းမှုဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မူဝါဒအပေါ် ချဲ့ထွင်တာသာဖြစ်ပြီး တစ်နည်းအားဖြင့် စက်ဘက်ဆိုင်ရာမှာ AI နဲ့ Machine learning အတွက် အသုံးပြုတဲ့ တရုတ်ရဲ့ ကိုယ်ပိုင် Semiconductors တွေထုတ်လုပ်ခြင်းနဲ့ တီထွင်နိုင်မှုကို ကန့်သတ်ဖို့အတွက် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကန့်သတ်မှုကြောင့် မိုလ်ဘိုင်းနည်းပညာလုပ်ငန်းကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။

အမှန်တကယ်တမ်းမှာတော့ ဒီကန့်သတ်မှုဟာ အမေရိကန်ကုမ္ပဏီတွေက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ရာကို တားမြစ်ထားတာသာဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှုမှာ အမေရိကန်ကုမ္ပဏီတွေကိုပဲ ထိခိုက်လာစေနိုင်ကြောင်း ထုတ်လုပ်သူတွေက စောဒကတက်ခဲ့ကြပြီးတဲ့နောက် ASML နဲ့ တိုကျိုအီလက်ထရွန်နစ်တို့နဲ့အတူ အဆိုပါ စက်ယန္တရားတွေ တင်ပို့ပုံကို ဒက်ချ်နဲ့ ဂျပန်အစိုးရတို့က ပြန်လည်သုံးသပ်ခြင်းဆီ ဦးတည်သွားစေခဲ့တာ ဖြစ်ပါတယ်။

ASML က CEO ဖြစ်သူ Peter Wennink က Lithography machine တွေ တင်ပို့မှုအပေါ် အမေရိကန်ဦးဆောင်တဲ့ ထိန်းချုပ်မှုဟာ တရုတ်ရဲ့ ကိုယ်ပိုင်အဆင့်မြင့်နည်းပညာကို ပိုပြီးဖွံ့ဖြိုးတိုးတက်စေဖို့ တွန်းအားပေးသလိုသာ ဖြစ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။ “ဒါက အချိန်ယူရလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့ အဲဒီကို ရောက်သွားပါလိမ့်မယ်” လို့ Peter က ပြောပါတယ်။

Ref: GSM Arena