ဂျပန်က ကမ္ဘာမှ လူသားတွေကို ကျည်ဆန်ရထားနဲ့ လ နဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်မယ့် စီမံကိန်းကို အဆိုပြုတင်သွင်းထားပါတယ်။ အဲဒီ စီမံကိန်းဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး ကျိုတို တက္ကသိုလ်နဲ့ Kajima Construction တို့ ပူးပေါင်း သုတေသန ပြုလုပ်နေကြပါတယ်။
အဲဒီ အိုင်ဒီယာမှာ ကမ္ဘာ၊ လ နဲ့ အင်္ဂါဂြိုလ်ကို ဆက်သွယ်ထားတဲ့ အာကာသမှာ လူနေထိုင်တဲ့ ပတ်ဝန်းကျင် အတုကို ဖန်တီးဖို့ ဖြစ်ပါတယ်။ အဲဒီ ပတ်ဝန်းကျင်မှာ လူ့ခန္တာကိုယ်ပေါ်မှာ ဆွဲအားနည်းပါးတာနဲ့ ဆွဲအားမဲ့တာကို အံတုနိုင်ဖို့အတွက် ကမ္ဘာ့ ဆွဲအားကို ဖန်တီးထားမှာ ဖြစ်ပါတယ်။
အဲဒီ စီမံကိန်းဟာ စိတ်ဝင်စားစရာကောင်းပေမယ့် နည်းပညာ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အာကာသ ခရီးသွားဖို့အတွက် လိုအပ်တဲ့ နည်းပညာကို ဖန်တီးတာ၊ ဆွဲအားနည်းတာ၊ ဆွဲအားမဲ့တာ စတဲ့ ပြဿနာကို ဖြေရှင်းတာနဲ့ တည်တန့်တဲ့ စွမ်းအင် အရင်းအမြစ် တည်ဆောက်တာတို့ ပါဝင်ပါတယ်။
ဒါဟာ ရေရှည် စီမံကိန်း ဖြစ်ပြီး ဘယ်အချိန်မှာ တကယ် ဖြစ်လာမလဲ ဆိုတာ မသေချာသေးပါဘူး။ တကယ်ဖြစ်လာချင်မှလည်း ဖြစ်လာမှာပါ။ ဒါပေမယ့် အနာဂတ် အာကာသ စူးစမ်းလေ့လာရေးနဲ့ အာကာသ ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိလာမှာ သေချာပါတယ်။
Ref : eurasiantimes