ဂျပန်ရဲ့ Obayashi Corporation က သိပ္ပံ ရုပ်ရှင်ကားတွေထဲက အာကာသ ဓါတ်လှေခါးကို တကယ် ဖြစ်အောင် ဖန်တီးတော့မှာ ဖြစ်ပြီး ကမ္ဘာ နဲ့ အာကာသကို ဓါတ်လှေခါးနဲ့ ဆက်သွယ်ထားမှာ ဖြစ်ပါတယ်။ အဲဒီ အာကာသ ဓါတ်လှေခါးမှာ Carbon Nanotubes (CNTs) နဲ့ ပြုလုပ်ထားတဲ့ ၉၆,၀၀၀ ကီလိုမီတာ ရှည်လျားတဲ့ Cable တပ်ဆင်ထားမှာ ဖြစ်ပြီး လူသားတွေဟာ တစ်နာရီ ၂၀၀ ကီလိုမီတာ အမြန်နှုန်းနဲ့ တစ်ပတ်အတွင်း အာကာသ စခန်းကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

The Japanese company Obayashi Corporation plans to build an elevator into space by 2050 - Новини ФАКТ

ဒီ ထူးခြားဆန်းသစ်တဲ့ နည်းပညာဟာ သမားရိုးကျ ဒုံးပျံတွေထက် ကုန်ကျစားရိတ်သက်သာစေပြီး သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒုံးပျံတွေနဲ့ အာကာသကို သွားမယ်ဆိုရင် ကုန်ကျစားရိတ်မြင့်မားစေပြီး သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု ရှိပါတယ်။ အာကာသ ဓါတ်လှေခါးကို ၂၀၂၅ ခုနှစ်မှာ စတင် တည်ဆောက်မှာ ဖြစ်ပြီး ၂၀၅၀ ခုနှစ်မှာ အသုံးပြုနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Japan's 96,000 km Space Elevator Project: Reach Space in Just a Week | YourStory

အဲဒီ အာကာသ ဓါတ်လှေခါးကို အဆင့်လိုက် တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းကြောင်းကို ပို့ဆောင်တာနဲ့ CNT Cable ကို ကမ္ဘာမှာ တပ်ဆင်တာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အာကာသမှာ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုတဲ့ Space Solar Power System (SSPS) ဂြိုလ်တုတွေ လွှတ်တင်တာကိုလည်း ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အာကာသယာဉ်တွေကို အသုံးပြုကာ လူသားတွေအတွက် အာကာသကို ခရီးသွားနိုင်ပြီ ဖြစ်ပါတယ်။ အာကာသ ဓါတ်လှေခါး ပေါ်လာရင် လူသားတွေဟာ အာကာသကို ကုန်ကျစားရိတ်သက်သာစွာ ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။

Ref: Tech Explorers