ဂျပန် ကုမ္ပဏီ လုပ်ငန်းစုက ကမ္ဘာ့ ပထမဆုံး မြန်နှုန်းမြင့် 6G Prototype Device ကို ပြသလိုက်ပါတယ်။ အဲဒီ Device ဟာ 100 gigabits per  second (Gbps) ကို ပေ ၃၀၀ ကျော်အထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒါဟာ 5G နည်းပညာထက် အဆ ၂၀ ပိုမြန်ပါတယ်။

Japan 6G Device

အဲဒီ Device ကို ဂျပန်ရဲ့ ထိပ်တန်း Telecom ကုမ္ပဏီတွေ ဖြစ်တဲ့ DOCOMO, NTT Corporation , NEC Corporation နဲ့ Fujitsu တို့ ပူးပေါင်း တီထွင်ထားတာ ဖြစ်ပါတယ်။

ကုမ္ပဏီ လုပ်ငန်းစုက ဧပြီလ ၁၁ ရက်နေ့မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး အဲဒီ Device ဟာ 100 Gbps အမြန်နှုန်ကို ရရှိပြီး Indoor မှာ 100 gigahertz (GHz) နဲ့ Outdoor မှာ 300 GHz Band ကို အသုံးပြုထားတယ်လို့ ပြောပါတယ်။ အဲဒီ စမ်းသပ်မှုကို ၃၂၈ ပေ (၁၀၀ မီတာ) အကွာအဝေးမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ အမြန်နှုန်းဟာ အထင်ကြီးစရာ ကောင်းပေမယ့် မကြာခင် အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ 6G ကို Device ၁ ခုထဲနဲ့ စမ်းသပ်ထားတာ ဖြစ်ပြီး စီးပွားဖြစ် ဝန်ဆောင်မှု မပေးနိုင်သေးပါဘူး။ ဒါ့အပြင် 6G မှာ အားနည်းချက်တွေလည်း ရှိနေပါသေးတယ်။

Ref : gizmochina