[Zawgyi]

ျမန္မာက်ပ္ ၁၄၉၉ (ကုန္သြယ္ခြန္ပါဝင္ၿပီး) မွ်ျဖင့္ ရက္ ၃၀ သက္တမ္းရွိ 1GB ေဒတာကို ရရွိမည္ ျဖစ္ၿပီး JOOX VIP ႏွင့္ VIU တို႔၏ ပရီမီယမ္ဝန္ေဆာင္မႈမ်ားကို အခမဲ့ရရွိမည္။

ဂီတႏွင့္ ဗီဒီယို Content မ်ားကို မိုဘိုင္းဖုန္းေပၚတြင္ ပိုမိုေကာင္းမြန္စြာ ၾကည့္ရႈ နားဆင္လိုေသာ တယ္လီေနာသုံးစြဲသူမ်ား၏ဆႏၵကို အေကာင္းမြန္ဆုံး ျဖည့္ဆည္းေပးႏိုင္ရန္ ႀကိဳးပမ္းသည့္အေနျဖင့္ ေဖ်ာ္ေျဖေရးဝန္ေဆာင္မႈမ်ားကို ေဈးႏႈန္းသင့္တင္စြာျဖင့္ ရရွိႏိုင္ရန္ အထူးစီမံထားသည့္ ေဒတာစုဘူးပက္ေက့ခ်္ အသစ္တစ္ခုကို တယ္လီေနာျမန္မာက မိတ္ဆက္လိုက္ၿပီျဖစ္သည္။

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ မွ စ၍ ေဖ်ာ္ေျဖေရး ေဒတာစုဘူးအသစ္ကို ျမန္မာက်ပ္ ၁,၄၉၉ (ကုန္သြယ္ခြန္ပါဝင္ၿပီး) ျဖင့္ ဝယ္ယူအသုံးျပဳသူမ်ားအေနျဖင့္ ေဒတာပမာဏ 1GB (ရက္ ၃၀ သက္တမ္း) သာမက ေငြက်ပ္ ၂,၂၉၉ တန္ဖိုးရွိ JOOX VIP (ရက္ ၃၀ သက္တမ္း)ႏွင့္ ေငြက်ပ္ ၅,၀၀၀ တန္ဖိုးရွိ VIU Premium (ရက္ ၃၀ သက္တမ္း) တို႔ကို အခမဲ့ ရရွိႏိုင္မည္ျဖစ္သည္။ ယခုကဲ့သို႔ ဆန္းသစ္ေခတ္မီၿပီး ေဈးႏႈန္းသင့္တင့္သည့္ ေဖ်ာ္ေျဖေရးေဒတာကို ဝယ္ယူလိုသူမ်ား အေနျဖင့္ *7199*1# သို႔ ဖုန္းေခၚ၍ သို႔မဟုတ္ MyTelenor App ႏွင့္ WowBox App တို႔မွ တဆင့္ ဝယ္ယူႏိုင္မည္ ျဖစ္သည္။ အသုံးမျပဳရေသးေသာ ေဒတာပမာဏကို ေနာက္တစ္ခ်ိန္ ျပန္လည္ဝယ္ယူေသာအခါတြင္ ထပ္ေပါင္းေပး သြားမည္ျဖစ္သည္။

“ျမန္မာႏိုင္ငံမွာက ဂီတနဲ႔ဗီဒီယိုကို ႀကိဳက္ႏွစ္သက္ၾကသူေတြ မ်ားပါတယ္။ မိုဘိုင္းနည္းပညာကို လူေတြပိုၿပီး လက္လွမ္းမီလာၾကတာနဲ႔အမွ် ေဖ်ာ္ေျဖေရးက႑အတြက္ မိုဘိုင္းဖုန္းက အဓိကေနရာမွာ ပါဝင္လာပါတယ္။ တယ္လီေနာသုံးစြဲသူေတြကလည္း Streaming လုပ္တဲ့ အက္ပလီေကးရွင္းေတြမွာ ေဒတာသုံးစြဲမႈ ဆက္လက္ ျမင့္မား လ်က္ရွိတာကို ေတြ႕ရပါတယ္။ ေဒတာစုဘူးအသစ္မွာလည္း တယ္လီေနာရဲ႕ မိတ္ဖက္ေတြျဖစ္တဲ့ JOOX နဲ႔ VIU တို႔ရဲ႕ အေကာင္းမြန္ဆုံး ဂီတနဲ႔ ဗီဒီယိုဝန္ေဆာင္မႈေတြကို ထည့္သြင္းေပးထားပါတယ္။ အခုေဒတာစုဘူးမွာ ျမန္မာက်ပ္ေငြ စုစုေပါင္း ၇,၉၉၉ တန္ဖိုးရွိတဲ့ ဝန္ေဆာင္မႈေတြကို ၁,၄၉၉ က်ပ္ အသုံးျပဳ႐ုံနဲ႔ ရယူႏိုင္ေအာင္ စီစဥ္ေပးထားပါတယ္။ ဒီလိုဆန္းသစ္တဲ့ထုတ္ကုန္ကေနတဆင့္ အသုံးျပဳသူေတြရဲ႕ ဒစ္ဂ်စ္တယ္အေတြ႕အႀကဳံကို ပိုမိုေကာင္းမြန္လာေစ ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္” ဟု တယ္လီေနာျမန္မာ၏ Head of Digital Services ျဖစ္ေသာ Mrs Chan May Ling က ေျပာၾကားသည္။

ယခု ေဒတာစုဘူးအသစ္ကို စာရင္းေပးဝယ္ယူလိုက္႐ုံျဖင့္ JOOX ၏ VIP အက်ိဳးခံစားမႈမ်ားျဖစ္သည့္ မိမိ အႏွစ္သက္ဆုံး ေနာက္ဆုံးေပၚ ေတးဂီတသီခ်င္းမ်ားကို နားဆင္ႏိုင္ျခင္း၊ သီခ်င္းမ်ားကို Offline နားေထာင္ႏိုင္ျခင္း၊ Hi-Fi အရည္အေသြးရရွိျခင္း၊ သီခ်င္းမ်ားကို အစဥ္လိုက္မဟုတ္ဘဲ ႀကိဳက္ရာကို ေ႐ြးခ်ယ္နားဆင္ႏိုင္ျခင္းႏွင့္ ေၾကာ္ျငာ မ်ား မပါဝင္ျခင္းစသည့္ အထူးအခြင့္အေရးမ်ားကို ရရွိမည္ျဖစ္သည္။ ထို႔အတူ VIU Premium အသုံးျပဳသူမ်ားရရွိသည့္ ျပည္တြင္းႏွင့္ ေဒသတြင္းမွ ႐ုပ္ရွင္ႏွင့္ ဇာတ္လမ္းတြဲမ်ား၊ Premium Content မ်ား စသည္တို႔ကို ေငြေၾကးထပ္မံ ေပးသြင္းစရာမလိုအပ္ဘဲ ပုံမွန္ ေဒတာကုန္က်မႈျဖင့္ ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။

[Unicode]

Joox နှင့် Viu တို့၏ ပရီမီယမ် Content များ ရယူနိုင်မည့် ဒေတာစုဘူးပက်ကေ့ချ် အသစ်ကို တယ်လီနော စတင်မိတ်ဆက်

မြန်မာကျပ် ၁၄၉၉ (ကုန်သွယ်ခွန်ပါဝင်ပြီး) မျှဖြင့် ရက် ၃၀ သက်တမ်းရှိ 1GB ဒေတာကို ရရှိမည် ဖြစ်ပြီး JOOX VIP နှင့် VIU တို့၏ ပရီမီယမ်ဝန်ဆောင်မှုများကို အခမဲ့ရရှိမည်။

ဂီတနှင့် ဗီဒီယို Content များကို မိုဘိုင်းဖုန်းပေါ်တွင် ပိုမိုကောင်းမွန်စွာ ကြည့်ရှု နားဆင်လိုသော တယ်လီနောသုံးစွဲသူများ၏ဆန္ဒကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ဖျော်ဖြေရေးဝန်ဆောင်မှုများကို ဈေးနှုန်းသင့်တင်စွာဖြင့် ရရှိနိုင်ရန် အထူးစီမံထားသည့် ဒေတာစုဘူးပက်ကေ့ချ် အသစ်တစ်ခုကို တယ်လီနောမြန်မာက မိတ်ဆက်လိုက်ပြီဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ မှ စ၍ ဖျော်ဖြေရေး ဒေတာစုဘူးအသစ်ကို မြန်မာကျပ် ၁,၄၉၉ (ကုန်သွယ်ခွန်ပါဝင်ပြီး) ဖြင့် ဝယ်ယူအသုံးပြုသူများအနေဖြင့် ဒေတာပမာဏ 1GB (ရက် ၃၀ သက်တမ်း) သာမက ငွေကျပ် ၂,၂၉၉ တန်ဖိုးရှိ JOOX VIP (ရက် ၃၀ သက်တမ်း)နှင့် ငွေကျပ် ၅,၀၀၀ တန်ဖိုးရှိ VIU Premium (ရက် ၃၀ သက်တမ်း) တို့ကို အခမဲ့ ရရှိနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ဆန်းသစ်ခေတ်မီပြီး ဈေးနှုန်းသင့်တင့်သည့် ဖျော်ဖြေရေးဒေတာကို ဝယ်ယူလိုသူများ အနေဖြင့် *7199*1# သို့ ဖုန်းခေါ်၍ သို့မဟုတ် MyTelenor App နှင့် WowBox App တို့မှ တဆင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ အသုံးမပြုရသေးသော ဒေတာပမာဏကို နောက်တစ်ချိန် ပြန်လည်ဝယ်ယူသောအခါတွင် ထပ်ပေါင်းပေး သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာက ဂီတနဲ့ဗီဒီယိုကို ကြိုက်နှစ်သက်ကြသူတွေ များပါတယ်။ မိုဘိုင်းနည်းပညာကို လူတွေပိုပြီး လက်လှမ်းမီလာကြတာနဲ့အမျှ ဖျော်ဖြေရေးကဏ္ဍအတွက် မိုဘိုင်းဖုန်းက အဓိကနေရာမှာ ပါဝင်လာပါတယ်။ တယ်လီနောသုံးစွဲသူတွေကလည်း Streaming လုပ်တဲ့ အက်ပလီကေးရှင်းတွေမှာ ဒေတာသုံးစွဲမှု ဆက်လက် မြင့်မား လျက်ရှိတာကို တွေ့ရပါတယ်။ ဒေတာစုဘူးအသစ်မှာလည်း တယ်လီနောရဲ့ မိတ်ဖက်တွေဖြစ်တဲ့ JOOX နဲ့ VIU တို့ရဲ့ အကောင်းမွန်ဆုံး ဂီတနဲ့ ဗီဒီယိုဝန်ဆောင်မှုတွေကို ထည့်သွင်းပေးထားပါတယ်။ အခုဒေတာစုဘူးမှာ မြန်မာကျပ်ငွေ စုစုပေါင်း ၇,၉၉၉ တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေကို ၁,၄၉၉ ကျပ် အသုံးပြုရုံနဲ့ ရယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီလိုဆန်းသစ်တဲ့ထုတ်ကုန်ကနေတဆင့် အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေ နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Head of Digital Services ဖြစ်သော Mrs Chan May Ling က ပြောကြားသည်။

ယခု ဒေတာစုဘူးအသစ်ကို စာရင်းပေးဝယ်ယူလိုက်ရုံဖြင့် JOOX ၏ VIP အကျိုးခံစားမှုများဖြစ်သည့် မိမိ အနှစ်သက်ဆုံး နောက်ဆုံးပေါ် တေးဂီတသီချင်းများကို နားဆင်နိုင်ခြင်း၊ သီချင်းများကို Offline နားထောင်နိုင်ခြင်း၊ Hi-Fi အရည်အသွေးရရှိခြင်း၊ သီချင်းများကို အစဉ်လိုက်မဟုတ်ဘဲ ကြိုက်ရာကို ရွေးချယ်နားဆင်နိုင်ခြင်းနှင့် ကြော်ငြာ များ မပါဝင်ခြင်းစသည့် အထူးအခွင့်အရေးများကို ရရှိမည်ဖြစ်သည်။ ထို့အတူ VIU Premium အသုံးပြုသူများရရှိသည့် ပြည်တွင်းနှင့် ဒေသတွင်းမှ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ၊ Premium Content များ စသည်တို့ကို ငွေကြေးထပ်မံ ပေးသွင်းစရာမလိုအပ်ဘဲ ပုံမှန် ဒေတာကုန်ကျမှုဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။