[Zawgyi]

Xiaomi ရဲ႕ Brand ခြဲ ျဖစ္သြားတဲ့ Redmi ကေတာ့ သူ႔ရဲ႕ ပထမဆံုးေသာ Flagship စမတ္ဖုန္းတစ္လံုး ျဖစ္လာမယ့္ Redmi K20 Pro ကို ေမလ ၂၈ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာပဲ ျဖစ္ပါတယ္။ K20 Pro နဲ႔ ပတ္သက္လို႔ အမ်ိဳးမ်ိဳးေသာ သတင္းေတြ ေပါက္ၾကားလာခဲ့ျပီး ေနာက္မွာေတာ့ Redmi ရဲ႕ General Manager ျဖစ္တဲ့ Lu Weibing ကေန မၾကာခင္ထြက္လာေတာ့မယ့္ “Demon King” ဆိုတဲ့ နာမည္ဝွက္နဲ႔ ဖုန္းအေၾကာင္း သတင္းတစ္ခ်ိဳ႕ကို ေဖာ္ျပခဲ့ပါတယ္။

Lu Weibing ရဲ႕ Weibo မွာ တင္ထားတဲ့ ေနာက္ဆံုး ပို႔စ္ကေတာ့ K20 Pro မွာ နားၾကပ္ေပါက္ပါလာမယ္ ဆုိတဲ့အေၾကာင္းနဲ႔ Hi-Res Audio Certification ပါ ရထားတဲ့အေၾကာင္းကို ေဖာ္ျပထားတာပါ။ အျမဲတမ္း K20 Pro အေၾကာင္းပဲ ေျပာခဲ့ၾကတဲ့ထဲမွာ Pro မဟုတ္တဲ့ K20 ေလးအေၾကာင္းကေတာ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ေနခဲ့ၾကတယ္ ထင္ပါတယ္။


တကယ္တမ္း K20 နဲ႔ K20 Pro ၾကားမွာ အဓိက ျခားနားခ်က္ကေတာ့ သံုးထားတဲ့ Chipset ေတြပါပဲ။ K20 Pro ကေတာ့ Qualcomm ရဲ႕ ေနာက္ဆံုးထြက္ Snapdragon 855 နဲ႔ လာမွာျဖစ္ေၾကာင္း တရားဝင္အတည္ျပဳခဲ့ျပီးျဖစ္ေပမယ့္ K20 မွာေတာ့ ဘယ္ Chipset ကို သံုးထားမယ္မွန္း သတင္းမထြက္ခဲ့ပါဘူး။ အခု Lu Weibing ကေတာ့ K20 မွာ Mid-Range SoC ေတြၾကား ဘုရင္အသစ္စက္စက္ျဖစ္ေနတဲ့ Snapdragon 730 နဲ႔ လာမယ္လို႔ သတင္းထြက္ထားပါတယ္။

Snapdragon 855 သံုးထားတဲ့ K20 Pro နဲ႔ Snapdragon 730 သံုးထားတဲ့ K20 က Performance ခ်င္းလည္း ကြာသလုိ ေစ်းခ်င္းလည္း ကြာဦးမွာပါပဲ။ K20 မွာ 6.39” 1080 x 2340 pixels Display, ေက်ာဘက္ကင္မရာ ၃လံုးတြဲနဲ႔ 4000mAh ဘက္ထရီ အပါအဝင္ K20 Pro ရဲ႕ Feature ေတာ္ေတာ္မ်ားမ်ားကို သံုးထားမယ္လို႔ သိရတဲ့အတြက္ လူေတြ ဘာေရြးခ်ယ္ၾကမလဲဆိုတာက ပိုစိတ္ဝင္စားဖို႔ေတာ့ ေကာင္းလာမွာ အမွန္ပါပဲ။

Source: GsmArena

[Unicode]

Xiaomi ရဲ့ Brand ခွဲ ဖြစ်သွားတဲ့ Redmi ကတော့ သူ့ရဲ့ ပထမဆုံးသော Flagship စမတ်ဖုန်းတစ်လုံး ဖြစ်လာမယ့် Redmi K20 Pro ကို မေလ ၂၈ရက်နေ့မှာ မိတ်ဆက်လာတော့မှာပဲ ဖြစ်ပါတယ်။ K20 Pro နဲ့ ပတ်သက်လို့ အမျိုးမျိုးသော သတင်းတွေ ပေါက်ကြားလာခဲ့ပြီး နောက်မှာတော့ Redmi ရဲ့ General Manager ဖြစ်တဲ့ Lu Weibing ကနေ မကြာခင်ထွက်လာတော့မယ့် “Demon King” ဆိုတဲ့ နာမည်ဝှက်နဲ့ ဖုန်းအကြောင်း သတင်းတစ်ချို့ကို ဖော်ပြခဲ့ပါတယ်။

Lu Weibing ရဲ့ Weibo မှာ တင်ထားတဲ့ နောက်ဆုံး ပို့စ်ကတော့ K20 Pro မှာ နားကြပ်ပေါက်ပါလာမယ် ဆိုတဲ့အကြောင်းနဲ့ Hi-Res Audio Certification ပါ ရထားတဲ့အကြောင်းကို ဖော်ပြထားတာပါ။ အမြဲတမ်း K20 Pro အကြောင်းပဲ ပြောခဲ့ကြတဲ့ထဲမှာ Pro မဟုတ်တဲ့ K20 လေးအကြောင်းကတော့ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ကြတယ် ထင်ပါတယ်။


တကယ်တမ်း K20 နဲ့ K20 Pro ကြားမှာ အဓိက ခြားနားချက်ကတော့ သုံးထားတဲ့ Chipset တွေပါပဲ။ K20 Pro ကတော့ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 855 နဲ့ လာမှာဖြစ်ကြောင်း တရားဝင်အတည်ပြုခဲ့ပြီးဖြစ်ပေမယ့် K20 မှာတော့ ဘယ် Chipset ကို သုံးထားမယ်မှန်း သတင်းမထွက်ခဲ့ပါဘူး။ အခု Lu Weibing ကတော့ K20 မှာ Mid-Range SoC တွေကြား ဘုရင်အသစ်စက်စက်ဖြစ်နေတဲ့ Snapdragon 730 နဲ့ လာမယ်လို့ သတင်းထွက်ထားပါတယ်။

Snapdragon 855 သုံးထားတဲ့ K20 Pro နဲ့ Snapdragon 730 သုံးထားတဲ့ K20 က Performance ချင်းလည်း ကွာသလို ဈေးချင်းလည်း ကွာဦးမှာပါပဲ။ K20 မှာ 6.39” 1080 x 2340 pixels Display, ကျောဘက်ကင်မရာ ၃လုံးတွဲနဲ့ 4000mAh ဘက်ထရီ အပါအဝင် K20 Pro ရဲ့ Feature တော်တော်များများကို သုံးထားမယ်လို့ သိရတဲ့အတွက် လူတွေ ဘာရွေးချယ်ကြမလဲဆိုတာက ပိုစိတ်ဝင်စားဖို့တော့ ကောင်းလာမှာ အမှန်ပါပဲ။

Source: GsmArena