YouTube ကနေ Video တစ်ခုကို Download ပြုလုပ်ချင်တယ်ဆိုရင် TubeMate ဒါမှမဟုတ် Vidmate ကိုအသုံးပြုကြတာများပါတယ်။ အဲ့ဒီ App တွေလည်း အဆင်ပြေတယ်ဆိုပေမယ့် အခုမိတ်ဆက်ပေးသွားမယ့် Keepvid App က သုံးရတာပိုပြီးအဆင်ပြေမှာပါ။

ဘာဖြစ်လို့လည်းဆိုရင် Keepvid က အခြား Downloader App တွေထက် Download Speed ပိုမြန်တဲ့အပြင် အခြားသော Website တွေများစွာကနေလည်း Download ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။

Keepvid ကို အသုံးပြုချင်တယ်ဆိုရင် Google မှာ “Download Keepvid” လို့ရိုက်ရှာပြီး သူ့ရဲ့ Website ကနေ Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Play Store ကနေ သွင်းတာမဟုတ်တဲ့အတွက်ကြောင့် ကိုယ့်ဖုန်းမှာ Install From Unknown Source ကို On ထားပေးဖို့ လိုပါလိမ့်မယ်။

Install ပြုလုပ်ပြီးပြီဆိုရင်တော့ Keepvid App ရဲ့ Home Screen ကို မြင်ရမှာဖြစ်ပြီး YouTube, Facebook အပါအဝင် Download ပြုလုပ်နိုင်တဲ့ Website အများအပြားအပြားကို မြင်တွေ့ရမှာပါ။ ဒါကအကုန်မဟုတ်သေးပဲ အောက်ဆုံးက အစက် ၃ စက်ကိုနှိပ်ပြီး နှစ်သက်ရာ Website ကို ထည့်သွင်းနိုင်ပါသေးတယ်။


Keepvid ကနေ Video Download လုပ်မယ်ဆိုရင်တော့ Download Icon မြှားအပြာလေးကို နှိပ်လိုက်ရမှာဖြစ်ပြီး Video Format မျိုးစုံအပြင် mp3 အနေနဲ့ပါ Download ပြုလုပ်ပေးနိုင်တာကို တွေ့ရမှာပါ။


Keepvid ရဲ့ အားသာချက်ကတော့ အသုံးပြုရတာရိုးရှင်းလှပပြီးတော့ Batch Downloads ကို Support လုပ်တဲ့အတွက် Files တွေအများအပြားကို တစ်ချိန်ထဲမှာ Download ပြုလုပ်နိုင်တဲ့အပြင် Download Speed ကလည်း ပုံမှန်ထက်ပိုပြီး မြန်ဆန်တာကြောင့်ပဲဖြစ်ပါတယ်။