Xiaomi ကနေ ယခုလကုန်ပိုင်းမှာ RedmiBook အသစ် ၃ မျိုးကို မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Tipster တစ်ဦးဖြစ်တဲ့ @_rogame ကနေ အဆိုပါ RedmiBook အသစ်တွေထဲက ၂ မျိုးရဲ့ Specs တွေကို Twitter Account ကနေ တစ်ဆင့်ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Tipster ရဲ့ပြောကြားချက်အရတော့ RedmiBook အသစ်တွေဟာ RedmiBook 13 ၊ RedmiBook 14S နဲ့ RedmiBook 16 ဆိုပြီး ၃ မျိုးထွက်လာမှာဖြစ်သလို အဆိုပါ Laptop တွေထဲက ၂ မျိုးက AMD ရဲ့ Ryzen 4000 Series Processor အပြင် Samsung ရဲ့ PM881 SSD တွေကိုအသုံးပြုလာမယ်လို့ သိရပါတယ်။

ပထမ RedmiBook တစ်မျိုးကတော့ AMD Ryzen 4500U Processor ကို အသုံးပြုထားတာဖြစ်ပြီး နောက်ထပ်တစ်မျိုးကတော့ Ryzen 4700U Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။ Ryzen 4500U Processor ဟာ 6-Cores ၊ 6-Threads အမျိုးအစားဖြစ်ပြီး Ryzen 4700U ကတော့ 8-Cores ၊ 8-Threads အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Laptop ၂ မျိုးစလုံးမှာ RAM 16GB နဲ့ 512GB SSD တွေပါဝင်မှာဖြစ်ပါတယ်။

ဒီ Xiaomi RedmiBook 13 ၊ 14S နဲ့ RedmiBook 16 Laptop တွေဟာ လက်ရှိအချိန်မှာ Jingdong Website မှာ Reserve ပြုလုပ်ထားနိုင်ပြီဖြစ်သလို လာမယ့် မေလ ၂၆ ရက်နေ့ကနေစတင်ပြီးတော့ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။

Ref – Gizmo China