ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအတွက် လျှပ်စစ်စွမ်းအင် ပံ့ပိုးပေးဖို့ ဒီဇယ်ကို အသုံးပြုနေကြပါတယ်။ ဒီဇယ်ဟာ ကုန်ကျစားရိတ်ကြီးမားသလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီ ဒီဇယ် သယ်ယူပို့ဆောင်ဖို့ ခက်ခဲပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးဖို့ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အသုံးပြုလာကြပါတယ်။

Kitepower Hawk, a wind energy storage solution charges itself using a giant kite.

နယ်သာလန်မှ Kitepower ကုမ္ပဏီက လေကနေ စွမ်းအင် ထုတ်လုပ်၊ သိုလှောင် နိုင်တဲ့ Kitepower Hawk ကို မိတ်ဆက်လိုက်ပြီး ဒီဇယ် မီးစက်တွေနေရာမှာ အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ကျွန်းငယ်လေးတွေမှာ အသုံးပြုနိုင်မှာပါ။

Kitepower ရဲ့ နည်းပညာက ဒီဇယ် မီးစက်တွေနေရာမှာ ဘက်ထရီ စွမ်းအင် သိုလှောင်တဲ့ စနစ် (BESS) ကို အသုံးပြုထားတာပါ။ BESS ကို ကောင်းကင်မှာ အလိုအလျှောက် ပျံသန်းနေတဲ့ အရွယ်ကြီး စွန်ကနေ အားသွင်းပေးနိုင်ပါတယ်။ BESS ကို ကွန်တိန်နာထဲ ထည့်သွင်းထားပြီး Airborne Wind Energy System (AWE) အနေနဲ့ အရွယ်ကြီး Fiber-glass စွန်ကို အသုံးပြုထားပါတယ်။

This 330kW battery generator uses a giant kite to charge itself | Electrek

စွန်ရဲ့ အရွယ်အစားဟာ 40-60 m2  ရှိပြီး Ground Station နဲ့ Dyneema Tether နဲ့ ချိတ်ဆက်ထားကာ စွန်ရဲ့ Mechanical စွမ်းအင်ကို ပေးပို့ပါတယ်။ Ground Station က Mechanical စွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။

အဲဒီ နည်းပညာဟာ အများဆုံး 330 kW စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပြီး လျှပ်စစ်ကားတွေ၊ စက်ပစ္စည်းတွေကို အားသွင်းပေးနိုင်ပါတယ်။ ၁ ရက်ကို ၁၀ နာရီလောက် အဲဒီ စနစ်ကလည်ပတ်နိုင်ပါတယ်။ Kitepower Hawk ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : inceptivemind