နာမည်ကြီး ဂိမ်း စတူဒီယို ၁ ခု ဖြစ်တဲ့ Konami က ကုမ္ပဏီရဲ့ အနုပညာတွေကို ထိန်းသိမ်းဖို့အတွက် NFT တွေ လိုအပ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ ငွေကြေးစာရင်းရှင်းတမ်းမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး Fans တွေ ကန့်ကွက်နေပေမယ့်လည်း ကုမ္ပဏီဟာ NFT စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

Idiots spent over $162,000 in total on Konami's Castlevania NFTs

Konami ဟာ ဂိမ်းမျိုးစုံမှာ ဒစ်ဂျစ်တယ် Item ပုံစံများစွာကို ထည့်သွင်းရောင်းချမယ်လို့ အသေးစိတ်ရှင်းလင်းပြောကြားပြီးနောက်မှာ NFT အကြောင်း လေသံပစ်လာတာ ဖြစ်ပါတယ်။ Konami က “ ကျွန်တော်တို့ Customers တွေ ချစ်ခင်မြတ်နိုးကြတဲ့ Content တွေကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားတဲ့အနေနဲ့ Non-fungible Token or NFT တွေကို ဆက်လက်ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

KONAMI MEMORIAL NFT

Konami ဟာ NFT ကနေ ဝင်ငွေရစေမယ့် စီးပွားရေး မော်ဒယ်ကို ဖန်တီးနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ Konami ဟာ Castlevania NFT ကို လေလံတင် ရောင်းချခဲ့ရာမှာ ဒေါ်လာ ၁၅၀,၀၀၀ ရခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ အဲဒီ NFT တွေ ရောင်းချရတဲ့ ငွေထဲက ၁၀ ရာခိုင်နှုန်းကို ကုမ္ပဏီအား ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Team17 , GSC Game World နဲ့ Discord အပါအဝင် NFT နယ်ပယ်ထဲ ဝင်ရောက်လာတဲ့ ဂိမ်း ကုမ္ပဏီတွေ တဖြည်းဖြည်းများပြားလာပြီ ဖြစ်ပြီး အခုဆိုရင် Konami လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

Ref : thegamer