Luxury Smartphone Brand တစ်ခုဖြစ်တဲ့ Vertu ကုမ္ပဏီက လက်ရှိအချိန်မှာ အရှုံးပေါ်နေပြီး နောက်ထပ်ဈေးနှုန်းမြင့်မားတဲ့ Luxury Smartphone တွေကို ဆက်လက်ပြီး မထုတ်လုပ်နိုင်တဲ့အချိန်မှာ Lamborghini ကနေ $2450 တန်ဖိုးရှိတဲ့ Lamborghini Alpha One Smartphone ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Source : Lamborghini

Lamborghini Alpha One Smartphone က ဘာလို့ ဒီလောက်ထိဈေးနှုန်းမြင့်မားနေလဲဆိုရင် အီတလီနိုင်ငံမှာ အစအဆုံးပြုလုပ်ထားတဲ့ဖုန်းဖြစ်ပြီး ကိုယ်ထည်ကို Titanium Alloy ထက်ပိုပြီး အကြမ်းခံနိုင်တဲ့ Liquid Metal နဲ့ Leather အကောင်းစားကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ Features တွေအနေနဲ့လည်း Audio ပိုင်းမှာ Dolby Atmos Digital Surround Sound ပါဝင်မှာဖြစ်တဲ့အတွက် အကောင်းဆုံးသော စပီကာအသံထွက်ကို ရရှိနိုင်ဦးမှာပါ။ နောက်ထပ် Lamborghini Alpha One Smartphone ကို ထူးခြားစေတဲ့အရာကတော့ အကောင်းစား Italian Leather ကို လက်နဲ့ ချူပ်လုပ်ထားတဲ့ Tonino Lamborghini Leather Phonecase ပါဝင်တာပဲဖြစ်ပါတယ်။

Alpha One ရဲ့ Specifications တွေကတော့ 5.5″ WQHD (2560×1440 Pixels) Display ၊ Qualcomm Snapdragon 820 Processor ၊ RAM 4GB ၊ 64GB Storage ၊ 128 GB အထိထပ်တိုးနိုင်တဲ့ MicroSD Card Slot ၊ 20MP Back Camera နဲ့ 8 MP Front Selfie Camera ၊ Fingerprint Scanner နဲ့ 3250mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Android Version 7 Nougat နဲ့ လာမှာဖြစ်ပြီး Dual SIM အသုံးပြုနိုင်မှာပါ။

Source : Lamborghini

Lamborghini Alpha One Smartphone ကို UK နဲ့ UAE နိုင်ငံတွေအတွက် အဓိကရောင်းချသွားမှာဖြစ်ပြီး ငွေကြေးချမ်းသာတဲ့ Lamborghini ပြိုင်ကားကို သဘောကျတဲ့သူတွေနဲ့ Lamborghini ပြိုင်ကားစီးနင်းနေတဲ့သူတွေအတွက်တော့ အံကိုက်ဖြစ်မှာပါ။