Samsung ဟာ မကြာခင်မိတ်ဆက်သွားတော့မယ့် OneUI 4.0 မှာ Virtual Memory လို့ပြောနိုင်တဲ့ RAM Plus Feature ကို အဓိကထားသွားမှာဖြစ်ပါတယ်။ အဆိုပါ RAM Plus Feature ဟာ ပုံမှန်ပါဝင်တဲ့ RAM အပြင် Internal Storage ကိုပါ Application တွေအတွက် RAM Storage အဖြစ်ရယူတာဖြစ်တာကြောင့် ပိုပြီး Multitasking ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

RAM Plus Feature ဟာ Android 12 Update မှပါဝင်လာမှာတော့မဟုတ်ဘဲ Samsung ကနေ လက်ရှိ Android 11 ပဲရှိသေးတဲ့ဖုန်းတွေဖြစ်တဲ့ Samsung Galaxy Z Fold3 ၊ Galaxy S21 Series နဲ့ Galaxy M52 ဖုန်းတွေမှာပါထုတ်ပေးထားပြီးဖြစ်ပါတယ်။ မကြာသေးခင်ကလည်း Galaxy A Series ဖုန်းတွေဖြစ်တဲ့ Galaxy A52 5G နဲ့ A52s 5G ဖုန်းတွေအတွက် RAM Plus Feature ကိုထုတ်ပေးထားပါသေးတယ်။

အခုလည်း Samsung ကနေ ပုံမှန် Galaxy A52 4G Version အတွက်ပါ RAM Plus Feature ပါဝင်တဲ့ Software Update ကိုထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Firmware Update ရဲ့ Build Number ကတော့ A525FXXU4AUI3 ဖြစ်တယ်လို့ သိရပြီး October Security Patch အပြင် Vulnerabilities ပေါင်း ၆၀ ကျော်ကို ပြင်ဆင်ထားပေးတာဖြစ်ပါတယ်။

Samsung ရဲ့ RAM Plus Feature ဟာ လက်ရှိအချိန်မှာ Internal Storage ထဲက 4GB ကို Virtual RAM အနေနဲ့ အသုံးပြုနေတာဖြစ်တာကြောင့် Galaxy A52 လိုမျိုး ဖုန်းတွေဆိုရင် စုစုပေါင်း RAM 8GB အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ့် Physical RAM လိုမျိုးတော့ မြန်ဆန်မှာမဟုတ်ပေမယ့်လည်း Application တွေအများကြီးကို တစ်ပြိုင်တည်းအသုံးပြုနေတယ်ဆိုရင် ယခင်ကထက် Cache Data ကိုပိုပြီး သိမ်းဆည်းပေးနိုင်စေမှာပါ။

Ref – GSM Arena