OpenAI ဟာ စကားလက် ဂျိုဟန်ဆန် နဲ့တူတဲ့ ChatGPT အသံကို ဖန်တီးလိုက်တဲ့အတွက် တရားစွဲခံရနိုင်ခြေရှိလာပါတယ်။ ကုမ္ပဏီက ရည်ရွယ်ချက် ရှိရှိ လုပ်တာလား၊ တိုက်ဆိုင်သွားတာလား ဆိုတာကို မသိရသေးပါဘူး။ OpenAI CEO Sam Altman က ChatGPT အသံဟာ စကားလက် ဂျိုဟန်ဆန်နဲ့ တူတယ်လို့ ပြောထားတာက ပြဿနာကို ပိုကြီးသွားစေတယ်လို့ အသိဉာဏ ပစ္စည်း မူပိုင်ခွင့် ရှေ့နေတွေက ပြောပါတယ်။

Scarlett Johansson VS OpenAI: What's Happening as the MCU Star Discusses the Controversy - Cine TitBit

ရှေ့နေ အဖွဲ့အစည်း Haynes Boone မှ Purvi Patel Albers က မင်းသမီးဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အမှုများစွာ စွဲနိုင်တယ်လို့ ပြောပါတယ်။ Albers က လူ တစ်ယောက်ရဲ့ အသံကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုရင် တရားစွဲနိုင်တယ်လို့ ပြောပါတယ်။

AI Drama: Scarlett Johansson vs. OpenAI | by 1ATH.Studio | May, 2024 | Medium

ပြီးခဲ့တဲ့ တစ်ပတ်မှာ ChatGPT Update ကို ပြသခဲ့ပြီး‌နောက် OpenAI ဟာ Sky အမည်ရ AI Assistant ကို ကြေညာခဲ့ပါတယ်။ Sky ရဲ့ အသံဟာ စကားလက် ဂျိုဟန်ဆန်နဲ့ တော်တော်တူပြီး အထူးသဖြင့် Her ရုပ်ရှင်ထဲက သူမ အသံနဲ့ တူပါတယ်။

အခုတော့ OpenAI ဟာ Sky ရဲ့ အသံကို ဖြုတ်ချလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာက မပြီးသေးဘဲ စကားလက် ဂျိုဟန်ဆန်က OpenAI ကို တရားစွဲချင်ရင် စွဲလို့ ရပါသေးတယ်။

Ref : theverge