Apple iPhone X ဟာ iPhone တွေထဲမှာ ပထမဆုံးအနေနဲ့ ဒီဇိုင်းပိုင်းအကြီးအကျယ်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Face ID အတွက်ထားရှိခဲ့ရတဲ့ Notch Bar လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ Apple iPhone X ရဲ့ Notch Bar ကို အသုံးပြုလာတဲ့ Android ဖုန်းတစ်ခုရှိလာပြီပဲဖြစ်ပါတယ်။ အဆိုပါဖုန်းကတော့ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ Leagoo S9 စမတ်ဖုန်းပဲဖြစ်ပြီး ဈေးနှုန်းအနေနဲ့ iPhone X လိုမျိုး ဒေါ်လာ ၁၀၀၀ မဟုတ်ပဲ ဒေါ်လာ ၁၅၀ နဲ့ပဲ ရောင်းချသွားမှာဖြစ်ပါတယ်။

အဆိုပါ Leagoo S9 စမတ်ဖုန်းက Apple iPhone X လိုမျိုးပဲ 5.8″ HD+ IPS Display ကိုအသုံးပြုထားပြီး 13MP+2MP Dual Camera ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Front Camera လည်းပါဝင်ပြီးတော့ အဆိုပါ Front Camera ဟာ Face Unlock ကိုလည်း Support ပြုလုပ်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဈေးနှုန်းအရ ဘတ်ဂျတ်ဖုန်းတစ်ခုဖြစ်တဲ့အတွက် 1.5Ghz Octa Core Processor ကိုပဲ အသုံးပြုထားတာဖြစ်ပြီးတော့ RAM အနေနဲ့ 4GB နဲ့ Storage ကို 64GB ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 3300mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple iPhone X နဲ့ ဒီဇိုင်းတူညီတယ်ဆိုပေမယ့်လည်း ဒေါ်လာ ၁၅၀ ဆိုတဲ့ ဈေးနှုန်းက Leagoo S9 စမတ်ဖုန်းကို အခြားသော ဘတ်ဂျက်စမတ်ဖုန်းတွေထက် ပိုပြီးရွေးချယ်သင့်တဲ့အကြောင်းပြချက်တစ်ခုလို့တောင်ပြောလို့ရမှာပါ။