အောက်တိုဘာလဆန်းတုန်းက OnePlus Nord N10 5G နဲ့ N100 တို့ကို ဒီလ ၂၆ ရက်နေ့မှာမိတ်ဆက်မယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း OnePlus Nord N10 5G ရဲ့ ကျောဘက်ကောက်ကြောင်းပုံရိပ် ထွက်ပေါ်လာခဲ့ပါသေးတယ်။

အခုတော့ OnePlus Nord N10 5G နဲ့ N100 တို့ရဲ့ အချက်အလက်တွေ အသေးစိတ်နီးပါး ပေါက်ကြားထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ပေါက်ကြားသတင်းတွေမှာ နာမည်ကြီးပြီး ယုံကြည်စိတ်ချရတဲ့ @OnLeaks လို့လူသိများတဲ့ Steve Hemmerstoffer က တွစ်တာမှာ မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။

OnePlus Nord N10 ကတော့ အားလုံးသိပြီးတဲ့အတိုင်း 5G ဟန်းဆက်တစ်ခုဖြစ်ပါတယ်။ 6.49-inch FHD+ display ဟာ 90Hz refresh rate ဖြစ်တယ်လို့ ဆိုပါတယ်။ (LCD လား၊ OLED လားဆိုတာနဲ့ပတ်သက်တဲ့ မှတ်ချက်တော့ မပါဝင်ပါဘူး။) Chipset ကတော့ Snapdragon 690 ဖြစ်ပြီး 6GB of RAM နဲ့ 128GB of Storage ဖြစ်ပါတယ်။

64MP အဓိက ကင်မရာကို 8MP ultrawide နဲ့ 2MP sensor တစ်စုံက ထောက်ကူတွဲဖက်ပေးထားပါတယ်။ ဘက်ထရီပမာဏကတော့ 4,300mAh ဖြစ်တယ်လို့ သိရပါတယ်။ Selfie ကင်မရာနဲ့ အခြားအချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

OnePlus Nord N100 ကတော့ Entry-level အမျိုးအစား ဖြစ်ပြီး 4G သာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 6.52-inch HD+ LCD မျက်နှာပြင်နဲ့ဖြစ်ပြီး Snapdragon 460 chipset ကို 4GB of RAM, 64GB storage တို့နဲ့ တွဲဖက်ပေးထားပါတယ်။ ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပြီး ကျောဘက်မှာ 13MP အဓိကကင်မရာ၊ 2MP Macro နဲ့ Depth Sensor တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

OnePlus N10 ရဲ့ဈေးနှုန်းဟာ OnePlus Nord ထက် လျော့နည်းမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် €399/£379/$379 (၅ သိန်းအောက်) ပဲဖြစ်နိုင်ပါတယ်။

Ref: GSM Arena