Huawei ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက တရုတ်နိုင်ငံအတွင်းမှာ Flagship Mate 60 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် Mid Range Series ဖုန်းတွေဖြစ်လာမယ့် Huawei nova 12 Series ဖုန်းတွေကို မိတ်ဆက်တော့မှာပါ။

ဘာကြောင့်လဲဆိုရင် Huawei nova 12 ဖုန်းရဲ့ Render ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပြီး နောက်ကျောဘက်ဒီဇိုင်းကို မြင်တွေ့ရပြီဖြစ်ပါတယ်။ အဆိုပါ Render ဓါတ်ပုံအရ Huawei nova 12 ဖုန်းဟာ ယခင် nova 11 နဲ့ ဆင်တူပြီး Camera ပိုင်းကိုပဲ ဒီဇိုင်းအနည်းငယ်ပြောင်းလဲထားမှာဖြစ်ပါတယ်။

ဒါကြောင့် Huawei nova 12 ဖုန်းမှာ Triple Back Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး ထူးခြားချက်က LED Flagship ကို Camera Sensor တစ်ခုမှာ Ring Light အနေနဲ့ ပတ်ပတ်လည် ထည့်သွင်းထားတာကို တွေ့ရပါတယ်။ ယခင် nova 11 Series လိုမျိုးပဲ Camera Ring ကို ရွှေရောင်ပြုလုပ်ထားဦးမှာပါ။

Huawei nova 12 ဖုန်းဟာ OLED Display ကို အသုံးပြုထားပြီး Under Display Fingerprint Sensor ပါဝင်မှာဖြစ်ပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် 5G Chipset အသစ်ကို အသုံးပြုထားမယ်လို့ သတင်းထွက်နေပြီး ယခင် 67W ထက် ပိုမိုမြန်ဆန်တဲ့ Fast Charging စနစ်ကိုလည်း အသုံးပြုလာနိုင်ပါတယ်။

Huawei nova 12 Series ဖုန်းတွေဟာ ယခု nova 12 အပြင် nova 12 Pro ၊ nova 12i လိုမျိုး အနည်းဆုံး ၃ မျိုး မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena