[Zawgyi]

ကင္မရာ ၅ လံုးပါတဲ့ Nokia 9 PureView ကို ဒီႏွစ္ အေစာပိုင္းမွာ ေၾကညာခဲ့ပါတယ္။ ToF Sensor ပါထည့္တြက္ရင္ ၆ လံုးေတာင္ ပါတာပါ။ ကင္မရာ ၅ လံုးပါတဲ့ တျခား ကုမၸဏီထုတ္ ဖုန္းေတြေတာ့ မထြက္လာေသးပါဘူး။ အခုေတာ့ ေနာက္ထြက္မယ့္ Xiaomi Mi CC9 Pro မွာ ကင္မရာ ၅ လံုးပါလာမယ္လို႔ သတင္းထြက္လာပါတယ္။

Xiaomi က အဲဒီ ဖုန္းရဲ႕ ဓါတ္ပံု ၁ ပံုကို မၾကာခင္က မွ်ေ၀ထားပါတယ္။ အခုေတာ့ အြန္လိုင္းမွာ အဲဒီ ဖုန္းရဲ႕ Live Photo ၁ ပံုထြက္လာပါတယ္။ အဲဒီပံုကို User ၁ ေယာက္က ၀ီဘိုမွာ တင္ထားတာ ျဖစ္ၿပီး အေနာက္ဘက္က ကင္မရာ ၅ လံုးကို အနီးကပ္ျမင္ရပါတယ္။ ဖုန္းရဲ႕ ဒီဇိုင္းကိုလည္း ေလ့လာခြင့္ရခဲ့ပါတယ္။ Nokia 9 PureView မွာလို ကင္မရာေတြကို စက္၀ိုင္းပံု တပ္ဆင္ထားတာ မဟုတ္ဘဲ ေဒါင္လိုက္ ထည့္သြင္းထားတာျမင္ရပါတယ္။ Sensor ၃ လံုးကို အတူတကြ ပူးတြဲ တပ္ဆင္ထားၿပီး အရြယ္ႀကီး 108MP Sensor ကိုေတာ့ သီးျခား ခြဲထုတ္ထားပါတယ္။ ၅ လံုးေျမာက္ ကင္မရာက ToF Sensor ျဖစ္ႏိုင္ၿပီး တျခား ကင္မရာေတြနဲ႔ ခြဲထုတ္ထားပါတယ္။

ဖုန္းမွာ အားလံုးေပါင္း LEDs ၄ လံုး ပါၿပီး “108MP” နဲ႔ “5X Optical” စာသားေတြကို အေနာက္ဘက္မွာ ေရးသားထားပါတယ္။ အေနာက္ဘက္ကို ဖန္နဲ႔ ဖံုးအုပ္ထားၿပီး Corning က ထုတ္ေပးထားတာ ေသခ်ာသေလာက္ရွိပါတယ္။ ေပါက္ၾကားထြက္လာတဲ့ ဓါတ္ပံုမွာ အျပာေရာင္ ေမာ္ဒယ္ ၁ မ်ိဳးကိုသာ ျမင္ရပါတယ္။ တျခား အေရာင္ေတြလည္း ထုတ္လုပ္ထားမွာပါ။

108MP Sensor ကို Samsung နဲ႔ Xiaomi တို႔ ပူးေပါင္း ဖန္တီးထားတာပါ။ Snapdragon 730G Processor , AMOLED Display နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာေတြ ပါလာမွာပါ။ Android 10 ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး ေနာက္လ ၅ ရက္ေန႔မွာ ေၾကညာမွာပါ။

Ref : gizmochina

[Unicode]

ကင်မရာ ၅ လုံးပါတဲ့ Xiaomi Mi CC9 Pro ရဲ့ Live Photo တွေ ထွက်ပေါ်လာ

ကင်မရာ ၅ လုံးပါတဲ့ Nokia 9 PureView ကို ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ ToF Sensor ပါထည့်တွက်ရင် ၆ လုံးတောင် ပါတာပါ။ ကင်မရာ ၅ လုံးပါတဲ့ တခြား ကုမ္ပဏီထုတ် ဖုန်းတွေတော့ မထွက်လာသေးပါဘူး။ အခုတော့ နောက်ထွက်မယ့် Xiaomi Mi CC9 Pro မှာ ကင်မရာ ၅ လုံးပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Xiaomi က အဲဒီ ဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကို မကြာခင်က မျှဝေထားပါတယ်။ အခုတော့ အွန်လိုင်းမှာ အဲဒီ ဖုန်းရဲ့ Live Photo ၁ ပုံထွက်လာပါတယ်။ အဲဒီပုံကို User ၁ ယောက်က ဝီဘိုမှာ တင်ထားတာ ဖြစ်ပြီး အနောက်ဘက်က ကင်မရာ ၅ လုံးကို အနီးကပ်မြင်ရပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ Nokia 9 PureView မှာလို ကင်မရာတွေကို စက်ဝိုင်းပုံ တပ်ဆင်ထားတာ မဟုတ်ဘဲ ဒေါင်လိုက် ထည့်သွင်းထားတာမြင်ရပါတယ်။ Sensor ၃ လုံးကို အတူတကွ ပူးတွဲ တပ်ဆင်ထားပြီး အရွယ်ကြီး 108MP Sensor ကိုတော့ သီးခြား ခွဲထုတ်ထားပါတယ်။ ၅ လုံးမြောက် ကင်မရာက ToF Sensor ဖြစ်နိုင်ပြီး တခြား ကင်မရာတွေနဲ့ ခွဲထုတ်ထားပါတယ်။

ဖုန်းမှာ အားလုံးပေါင်း LEDs ၄ လုံး ပါပြီး “108MP” နဲ့ “5X Optical” စာသားတွေကို အနောက်ဘက်မှာ ရေးသားထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး Corning က ထုတ်ပေးထားတာ သေချာသလောက်ရှိပါတယ်။ ပေါက်ကြားထွက်လာတဲ့ ဓါတ်ပုံမှာ အပြာရောင် မော်ဒယ် ၁ မျိုးကိုသာ မြင်ရပါတယ်။ တခြား အရောင်တွေလည်း ထုတ်လုပ်ထားမှာပါ။

108MP Sensor ကို Samsung နဲ့ Xiaomi တို့ ပူးပေါင်း ဖန်တီးထားတာပါ။ Snapdragon 730G Processor , AMOLED Display နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ပါလာမှာပါ။ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး နောက်လ ၅ ရက်နေ့မှာ ကြေညာမှာပါ။

Ref : gizmochina