Xiaomi က Redmi K60 Series ကို အရင်နှစ်ကုန်က ကြေညာခဲ့ပြီး အခုတော့ Redmi K70 Series ကို မိတ်ဆက်ဖို့နီးနေပါပြီ။ အခုတော့ အခြေခံ မော်ဒယ်ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

ဓါတ်ပုံတွေမှာ Redmi K70 ရဲ့ အဖြူရောင် မော်ဒယ်ကို တွေ့ရပါတယ်။ ကုမ္ပဏီဟာ ဒီဇိုင်းကို အပြန်အလှန် အသုံးပြုနေပါတယ်။ K60 မှာ ကင်မရာ ၃ လုံးကို တန်းစီထည့်သွင်းထားတဲ့ လေးထောင့် ကင်မရာ Island ပါလာပါတယ်။

K70 မှာတော့ ကင်မရာ Island ဟာ ဖုန်းရဲ့ Width အပြည့် နေရာယူထားပြီး ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို စတုရန်းပုံ ထည့်သွင်းထားပါတယ်။ ကင်မရာ Island ဟာ အနည်းငယ်ငေါထွက်နေပါတယ်။

Redmi K70 ရဲ့ ကင်မရာ Island ဟာ Poco နဲ့ အလွန်ဆင်တူပါတယ်။ နိုင်ငံတကာမှာ K60 ကို ရောင်းချမှာ မဟုတ်ဘဲ Poco F5 Pro ကိုပဲ ရောင်းချမှာဖြစ်ပါတယ်။ K70 ကို နိုင်ငံတကာမှာ ရောင်းချမလားဆိုတာ မသေချာပါဘူး။

Redmi K70 ရဲ့ တခြား သတင်းအချက်အလက်တွေကို များများစားစား မသိရသေးပါဘူး။ Benchmark Result အရ Redmi K70 Pro မှာ Qualcomm Snapdragon 8 Gen 3 Chipset အသစ် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ K60 Pro မှာတော့ Snapdragon 8 Gen 2 နဲ့ K60 မှာ Snapdragon 8+ Gen 1 ပါလာပါတယ်။

Ref : gsmarena