Gionee ကုမ္ပဏီကနေ နောက်ထပ်ထွက်ရှိလာမယ့်ဖုန်းဖြစ်တဲ့ Gionee M7 Plus ဖုန်းကတော့ လုံးဝကို High End Luxury ဘက်ကို သွားတော့မယ့်ပုံပါပဲ။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ဖုန်းပုံရိပ်တွေအရတော့ M7 Plus ဟာ Dual Camera ပါဝင်လာမှာဖြစ်သလို ဖုန်းရဲ့ နောက်ကျောကိုလည်း Metal တွေ၊ Glass တွေအစား Leather အစစ်အသုံးပြုလာမှာဖြစ်ပါတယ်။

အခုနောက်ဆုံး သိရှိရတဲ့သတင်းတွေအရတော့ Gionee M7 Plus ဖုန်းက Display အနေနဲ့ ကြီးမားတဲ့ 6.43″ Display လာမှာဖြစ်ပြီး သေးငယ်တဲ့ ဘေးဘောင်တွေအပြင် အခုနောက်ပိုင်းဖုန်းတွေပြောင်းလဲအသုံးပြုလာတဲ့ 18:9 Ratio ကို အသုံးပြုလာမှာဖြစ်ပါတယ်။

ဖုန်းရဲ့နောက်ဖက်မှာတော့ Dual Camera ၊ LED Flash နဲ့ Fingerprint Sensor တို့ကိုတွေ့ရမှာဖြစ်ပြီးတော့ Luxury ဆန်တဲ့ ရွှေရောင် Metal Plate ပေါ်မှာ Logo ကို ရေးထိုးထားတာပဲဖြစ်ပါတယ်။ နောက်ကျောက လယ်သာဖြစ်နေတဲ့အတွက် Wireless Charging စနစ်ပါ အလုပ်လုပ်မယ်လို့ ယူဆရပါတယ်။

Gionee ကတော့ အခုဒီ M7 Plus ဖုန်းရဲ့ ထွက်ရှိမယ့် အချိန်ကို ကြေငြာထားခြင်းမရှိသေးပေမယ့် မကြာခင် ထွက်ရှိလာမှာဖြစ်တယ်လို့တော့ အရိတ်အမြွတ်ပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အကောင်းစားဆန်တဲ့ ဒီဇိုင်းနဲ့ဆိုတော့ Gionee M7 Plus ဖုန်းက စောင့်ကြည့်သင့်တဲ့ဖုန်းတစ်ခုဖြစ်မှာပါ။