Lenovo ကနေလည်း သူရဲ့ ဈေးနှုန်းသင့် Budget ဖုန်းတွေထဲကို အခုနောက်ပိုင်းခေတ်စားနေတဲ့ Dual Camera စနစ်နဲ့ 18:9 Display တွေကို ထည့်သွင်းပေးလိုက်ပြီပဲဖြစ်ပါတယ်။

အခု Lenovo ကနေ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းကိုတော့ K320t လို့နာမည်ပေးထားပြီးတော့ အဆိုပါ စမတ်ဖုန်းမှာ 5.7″ 18:9 HD Display နဲ့ ဖုန်းရဲ့နောက်ကျောဘက်မှာလည်း 8MP + 2MP Dual Camera တွေတပ်ဆင်ထားတာဖြစ်ပါတယ်။

Dual Camera နဲ့ 18:9 Display ပါဝင်တယ်ဆိုပေမယ့် Lenovo K320t စမတ်ဖုန်းက Budget ဖုန်းတစ်လုံးအနေနဲ့ပဲရှိတာဖြစ်ပါတယ်။ CPU ကလည်း Spreadtrum Quad Core 1.3GHz CPU ကို RAM 2GB, ROM 16GB (သို့) RAM 3GB, ROM 32GB နဲ့ တွဲဖက်ပေးထားတဲ့အတွက် အခုခေတ်မှာတော့ စွမ်းဆောင်ရည်နိမ့်တယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် ကင်မရာပိုင်းကောင်းမွန်ပြီး ဖုန်းရဲ့နောက်ကျောဘက်မှာ 8MP + 2MP Dual Camera နဲ့အတူ အရှေ့ဘက် Selfie Camera ကလည်း 8MP ပါဝင်မှာပါ။ Fingerprint Sensor လည်းပါဝင်ပြီးတော့ 3000mAh Battery နဲ့ Android Version 7.0 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

အခု Lenovo K320t စမတ်ဖုန်းကို ယခုဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး တရုတ်ယွမ်ငွေ ၉၉၉ ရှိတဲ့အတွက် ဒေါ်လာ ၁၅၀ ဝန်းကျင်ရှိမှာဖြစ်ပါတယ်။