Lenovo ကုမ္ပဏီဟာ အခုအချိန်မှာ Android စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်လာနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက Mid Range စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Lenovo S5 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့သလိုပဲ အခုအချိန်မှာလည်း ဈေးအလွန်သက်သာတဲ့ ဒေါ်လာ ၁၀၀ ကျော်တန် Lenovo K5 နဲ့ K5 Play စမတ်ဖုန်းတွေကို ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

Lenovo K5 စမတ်ဖုန်းဟာ 5.7″ HD+ Resolution ရှိတဲ့ 18:9 Ratio Display ကို အသုံးပြုထားတာဖြစ်ပြီးတော့ Processor ပိုင်းအနေနဲ့ကတော့ MediaTek ရဲ့ MT6750 Processor ကိုပဲအသုံးပြုထားတာပါ။ ဒါပေမယ့် RAM 3GB နဲ့ ROM 32GB ပါဝင်တဲ့အတွက် မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။

Lenovo K5 Play စမတ်ဖုန်းကတော့ တူညီတဲ့ 5.7″ Display ကို အသုံးပြုထားပေမယ့်လည်း Qualcomm Snapdragon 430 Processor နဲ့အတူ RAM နဲ့ ROM ကိုလည်း 2GB/16GB ဒါမှမဟုတ် 3GB/32GB ဆိုပြီးရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကင်မရာပိုင်းအနေနဲ့တော့ Dual Camera ကိုပဲ အသုံးပြုထားဦးမှာဖြစ်ပြီးတော့ 13MP နဲ့ 2MP Camera တွေကိုတပ်ဆင်ထားမှာဖြစ်ပါတယ်။ K5 စမတ်ဖုန်းမှာလည်း Dual Camera ပါဝင်ပေမယ့် ပိုပြီး အဆင့်မြင့်တဲ့ 13MP + 5MP ကင်မရာတွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera တွေအနေနဲ့ကတော့ 8MP Camera ပါဝင်မယ်လို့ သိရပါတယ်။

Battery အနေနဲ့ကတော့ 3000mAh Battery ပဲပါဝင်မယ်လို့ သိရပြီးတော့ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၁၀ ဝန်းကျင်ကနေ ဒေါ်လာ ၁၅၀ လောက်အထိ ကျသင့်မှာပဲဖြစ်ပါတယ်။