Lenovo က တရုတ်မှာ M20 5G တက်ဘလက်ကို ကြေညာလိုက်ပြီး စွမ်းရည်သင့် တက်ဘလက် ဖြစ်ပါတယ်။ Resolution မြင့်မားတဲ့ Display တပ်ဆင်ထားပြီး 5G ဆက်သွယ်မှု ပါပါတယ်။

Lenovo M20 5G tablet

Lenovo M20 5G မှာ 10.4” LCD 2K Resolution (1200×2000) မျက်နှာပြင် တပ်ဆင်ထားပြီး ထူးခြားတာက 280 Nits Brightness ပဲပါလာတာပါ။ MediaTek Kompanio 900T Processor လို့လည်း သိကြတဲ့ MediaTek MT8791 Chipset ထည့်သွင်းထားပါတယ်။ အဲဒီ Chipset ကို ၂၀၂၁ ခုနှစ်က ထုတ်လုပ်ထားပြီး စွမ်းရည်သင့် တက်ဘလက်တွေအတွက် ရည်ရွယ်ထားတာပါ။

တက်ဘလက်မှာ Memory နဲ့ Storage Option များစွာ ပါလာပြီး 6GB, 8GB , 12GB RAM နဲ့ 128GB , 256GB , 512GB Storage တွေ ထုတ်လုပ်ထားပါတယ်။ 128GB microSD Card လည်း စိုက်နိုင်ပါတယ်။

M20 ရဲ့ အဓိက စွမ်းရည်က 5G ဆက်သွယ်မှု ဖြစ်ပြီး Lenovo က 1Gbps အထိ အင်တာနက် အမြန်နှုန်းရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် WiFi 5 ပါလာပြီး 866Mbps အမြန်နှုန်း ရပါတယ်။

အနောက်ဘက်မှာ 13MP နဲ့ 8MP ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး အရည်အသွေးမြင့် စပီကာ ၄ လုံး ပါပါတယ်။ 7200mAh Battery တပ်ဆင်ထားပြီး Lenovo က ၈ နာရီကနေ ၁၀ နာရီ အသုံးခံတယ်လို့ ပြောပါတယ်။

Lenovo M20 5G ကို တရုတ်မှာ JD.com ကနေ ဝယ်ယူနိုင်ပြီး 6GB RAM/128GB Storage မော်ဒယ်ကို ၂,၃၉၉ ယွမ်၊ 8GB RAM/256GB Storage မော်ဒယ်ကို ၂,၇၉၉ ယွမ်နဲ့ 12GB RAM/512GB မော်ဒယ်ကို ၂,၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၁၂ သိန်းလောက်ကျသင့်မှာပါ။

Ref : gizmochina