စမတ်ဖုန်းလောကကနေ ၁ နှစ်ကျော်လောက်ပျောက်နေတဲ့ Lenovo ကနေ အခုအချိန်မှာတော့ Mid Range ဖုန်းဈေးကွက်မှာ နာမည်ရနေတဲ့ Xiaomi Redmi Note 5 စမတ်ဖုန်းကို ယှဉ်ပြိုင်မယ့် Lenovo S5 အမည်ရှိတဲ့ ဖုန်းကို ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

Lenovo S5 စမတ်ဖုန်းဟာ 5.7″ အရွယ် 18:9 Ratio Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ Full HD+ ရှိမှာဖြစ်ပါတယ်။ Processor အနေနဲ့ကတော့ Qualcomm Snapdragon 625 CPU ကို အသုံးပြုထားပြီး RAM 3GB ၊ ROM 32GB ဒါမှမဟုတ် RAM 4GB နဲ့ ROM 64GB ဒါမှမဟုတ် 128GB ပါဝင်မှာပါ။

ကင်မရာပိုင်းအနေနဲ့ Dual Camera ပါဝင်မှာဖြစ်ပြီး 13MP RGB Sensor နဲ့ 13 MP Monochrome Sensor ပါဝင်မှာဖြစ်ပြီးတော့ Selfie Camera ကိုတော့ 16MP Camera တပ်ဆင်ထားမှာပါ။

Lenovo S5 စမတ်ဖုန်းမှာ 3000mAh Battery တပ်ဆင်ထားပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၅၀ ကနေ စတင်တဲ့အတွက် Xiaomi Redmi Note 5 စမတ်ဖုန်းထက် အနည်းငယ်သက်သာတယ်လို့ ပြောလို့ရပါတယ်။